Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံပြိုကျ၍ အသက်သေဆုံးမှုများ မဖြစ်စေရန် ဥပဒေ၊နည်းဥပဒေများ ချမှတ်၍ ဆောင်ရွက်သင့်ကြောင်းဆို

ဆုထူးပန် ကျောက်မျက် ရတနာကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဌေး မီဒီယာများ နှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဖားကန့်တွင် မြေစာပုံပြိုကျသည့်အတွက် ရေမဆေးလုပ်သားများ သေဆုံးမှုရှိခဲ့ပြီး ၊ ထိုသို့သောဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် တာဝန်ရှိသူများအနေဖြင့် ဥပဒေ ၊ နည်းဥပဒေများ ချမှတ်ပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက် သင့်ကြောင်း ဆုထူးပန် ကျောက်မျက် ရတနာကုမ္ပဏီလီမီတက် မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဌေးက ယနေ့ မီဒီယာများ နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

တဆင့်ပြန်လည် လုပ်ခပေး ခိုင်းစေသူများမှ လုပ်ခယူ၍ လုပ်ပေးရသော ရေမဆေးလုပ်သားများသည် ကုမ္ပဏီလုပ်ကွက် မှ ပစ်ထားသည့် မြေစာပုံများအနီးတွင်နေထိုင်၍ ရေမဆေး ကျောက်များ ရှာဖွေခြင်းများကို ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးကျော်ဌေးက “ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလုပ်လို့ ထွက်လာတဲ့ မြေစာပုံတွေကို စွန့်ပစ်ဖို့အတွက် ဧရိယာ အတိအကျ သတ်မှတ်ပေးထားတာမျိုး ဥပဒေ၊ နည်းဥပဒေထဲမှာ မပါဘူး။ ကျောက်မျက်ဘက်ကရယ်၊ မြို့နယ်၊ ရပ်ကွက်၊ စည်ပင်ရယ်၊ ရပ်မိရပ်ဖ တွေကနေပြီး မြေစာပုံ ပုံမယ့် နေရာ သတ်မှတ်ပေးထားတယ်။ ရေးမဆေးကျောက်ရှာသူတွေက မြေစာပုံနားမှာ တဲတွေထိုးပြီး လာနေတဲ့ အခါ မြေစာပုံတွေ ပြိုကျပြီး၊ လူတွေသေကြတာပေါ့’’ ဟုပြောသည်။

၎င်းကဲ့သို့ ဖြစ်ရပ်မျိုးသည် လုပ်ကွက်များ ၂ နှစ်ပိတ် ပြီးသည့်နောက်ပိုင်းတွင်မှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။၂၀၁၁ -၂၀၁၂ တွင် တိုက်ပွဲများကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းရပြီး၊ ၂၀၁၃-၂၀၁၄ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရေမဆေးကျောက်ရှာသူတွေကို တဆင့်လုပ်ခပေး သူများသည် မိမိတတ်နိုင်သည့် ငွေကြေးပေါ်မူတည်၍ ရေမဆေးကျောက်ရှာသူ ၁၀ယောက်၊ ၁၅ ယောက်မှ ရာချီအထိ လုပ်ခပေး၍ ရေမဆေးကျောက် ရှာခိုင်းခြင်းမျိုးများရှိနေကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီများအား လုပ်ကွက်များ ချပေးသည့်အခါတွင်လည်း အကြီးဆုံး တန်၂၀ လောက်ရှိသော ဘက်ဟိုးများသုံး၍ ကျောက်များတူးဖော်ရန်၊ စက်ယန္တယား အကြီးများ အသုံးမပြုရန် ဆိုပြီး ဥပဒေ၊ နည်းဥပဒေများ ထည့်သွင်းသင့်ကြောင်း၊ ကုမ္ပဏီများ အနေဖြင့် စက်ယန္တယားအကြီးများ အသုံးပြုပါက ထွက်ရှိသည့် မြေစာမှာ ပိုများပြီး မြေစာပုံများ ပိုမိုကြီးမားသည့် အတွက် မြေစာပုံပြိုကျခြင်း အန္တရာယ်ဖြစ်နိုင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများ သုံးပြီး ကျောက်တူူးနေသည့် ကျောက်တူးဖော်ရေး လုပ်ငန်းများက စွန့်ပစ်ထားသည့် မြေစာပုံပြိုကျမှုသည် ၉ကြိမ်ခန့်ရှိခဲ့ပြီး လူ ၂၀၀ နီးပါး သေဆုံးခဲ့သည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေမှာ တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နဲ့ ကုမ္ပဏီ ၂၃၁ ခုကိုအကျိုးတူ လုပ်ကွက် ၃၁၁ ကွက် စုစုပေါင်းဧရိယာ ၂၂၅၅.၃ဝ ဧကကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ၏ စာရင်းများ အရသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117