စကော့ဂျီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံက ရုရှာနိုင်ငံထံမှ မီးသင့်ကျောက်မီးသွေး(coking coal)တင်သွင်းမှုပမာဏကို တစ်ဆထပ်တိုး တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယသံ ၊သံမဏိကဏ္ဍဝန်ကြီးဌာန ဝန်ကြီး Ramchandra Prasad Singh က မတ်၂၇ ရက်တွင် ပြောကြားခဲ့သည်။ Ramchandra Prasad Singh က မြို့တော်နယူးဒေလီရှိ အစည်းအဝေးတစ်ခုတွင်...
ကိဗ် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးက ရန်လိုတိုက်ခိုက်မှုများအဆုံးမသတ်မီ ၎င်း၏ နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စစ်သုံ့ပန်းများအားလုံး အပြန်အလှန် လဲလှယ်သွားရန် အသင့်ရှိကြောင်း မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ဘက်မှာ ဒီလောက်အရေအတွက်ရှိတယ်။ အဲဒီအရေအတွက်အတိုင်း အပြန်အလှန်လဲလှယ်ကြရအောင်ပေါ့ ၊...
နယူးယောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ဆွေးနွေးမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေပြီး ရုရှား-ယူကရိန်းအနေဖြင့် အဓိကနိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။
ဘာလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရာတွင် ရူဘယ်ငွေဖြင့် ပေးချေရေး ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ကြေညာချက်ကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က မတ် ၂၃ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။
မော်စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN)ဌာနချုပ်၌တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန် စသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”သို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့...
နယူးယောက်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ယခင်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြာင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် မတ် ၂၂ ရက်တွင် လူသားချင်းစာတာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ...
နယူးယောက်၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားအရာရှိတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။