ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံခန့်ခွဲသူများက နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လျှပ်စစ်ဓာတ်အား အသုံးပြုခ ၅ ရာခိုင်နှုန်း လျှော့ချရေးမူဝါဒကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက် ထားရှိသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂ဝပြည့်နှစ် နွေရာသီကာလအတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ မဂ္ဂါဝပ် ၁၁၆၆ အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆာင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံသို ဇန်နဝါရီ ၂၀ ရက်က သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး ရာခိုင်နှုန်း အားဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံ ဆောင်ရွက် လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ – ၂၀၂၁ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ထပ်တိုးထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း၊ ထရန် စဖော်မာ တည်ဆောက်ရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံသည့် စာချုပ်အား ဧပြီ ၃၀...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ (၃၀၀၀) မဂ္ဂါဝပ်မှ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိမ်ထောင်စုပေါင်း ၁၀.၈ သန်းကျော် ရှိသည့် အနက် ယခုအခါ အိမ်ထောင်စုပေါင်း ၃.၉ သန်းကျော် လျပ်စစ်မီး သုံးစွဲနိုင်ပြီ ဖြစ်၍ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၃၅ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား...
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မဂ္ဂါဝပ် ၅၀၀ ကျော် ပိုမိုထုတ်လုပ်မည် ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ဆင်ဟွာကို ပြောသည်။