Connect with us

Science & Technology

လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ပိုမို ထုတ်လုပ်မည်ဟုဆို

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မဂ္ဂါဝပ် ၅၀၀ ကျော် ပိုမိုထုတ်လုပ်မည် ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ဆင်ဟွာကို ပြောသည်။

“နဂိုရှိပြီးသား ရေအား လျှပ်စစ်ဓာတ်အားထက် ပိုလာမှာတွေ ရှိပါတယ်၊ မြစ်သာနဲ့ ရာဇဂြိုဟ်ဆည်တွေက ၄၄ မဂ္ဂါဝပ် ထုတ်ပေး နိုင်မယ်၊ နောက်ပြီး မြင်းခြံမှာရှိတဲ့ ပြည်သာယာ ပုဂ္ဂလိက ရေအားလျှပ်စစ် IPP (Independence Power Plant) က ၁၃၃ မဂ္ဂါဝပ်၊ နောက်ပြီး ဒီနေ့ကြေညာတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် လျှပ်စစ် ဓာတ်အား ထုတ်ပေးဖို့တင်ဒါရသွားတဲ့ ပုဂ္ဂလိက ကုမ္ပဏီက ၃၀၀ မဂ္ဂါဝပ် ထုတ်ပေးမှာလည်း ရှိတယ်။ နောက်ပြီး သီလဝါမှာ ၂၅ မဂ္ဂါဝပ် နှစ်လုံး ရှိတာ မနှစ်က နွေရာသီတုန်း တစ်လုံးပဲ ထုတ်လုပ်နိုင်ခဲ့ပြီး ဒီနှစ်တော့ နှစ်လုံးစလုံး ထုတ်လုပ် နိုင်လို့၂၅ မဂ္ဂါဝပ် ပိုလာပါမယ်။ ဒါကြောင့် အားလုံးပေါင်းရင် လာမယ့် နွေရာသီမှာ ကျွန်တော်တို့လက်ထဲမှာ မဂ္ဂါဝပ် ၅၀၀ ကျော် အပို ရှိပါမယ်” ဟု နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ဆင်ဟွာ၏ အမေးကို ၎င်းက ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကလည်း ၆၆ ကေဗီနှင့် အောက် ဓာတ်အားလိုင်းနှင့်ဓာတ်အား ခွဲရုံများ အား ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ်သန်း ၂၃ ဒသမ ၄၉၅ ဖြင့် တိုးချဲ့ တည်ဆောက်လျက် ရှိရာ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၇ မတ်လတွင် လည်းကောင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၇ ဇွန်လတွင် လည်းကောင်း အပြီး တည်ဆောက်သွားမည်ဟု သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း နှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၁၂၃ ဒသမ ၈၆ သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေကျပ် ၁၉ ဒသမ ၆၁၈ ဘီလီယံဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဓာတ်အား ဖြန့်ဖြူးမှု စနစ် တိုးတက် ကောင်းမွန်ရေး စီမံချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117