Connect with us

Social

တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၃၅ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ

မြန်မာနိုင်ငံတွင်းရှိ လျှပ်စစ်ဓာတ်အားပေးတိုင်များအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိမ်ထောင်စုပေါင်း ၁၀.၈ သန်းကျော် ရှိသည့် အနက် ယခုအခါ အိမ်ထောင်စုပေါင်း ၃.၉ သန်းကျော် လျပ်စစ်မီး သုံးစွဲနိုင်ပြီ ဖြစ်၍ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၃၅ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ လျှပ်စစ်ဖြန့်ဖြူးမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂ဝ၁၆ ခုနှစ် မတ်လကုန်မှ ယနေ့လအထိ ၁၀ လကျော် အတွင်း အိမ်ထောင်စု နှစ်သိန်းကျော်အား လျှပ်စစ်ဓာတ်အား တိုးချဲ့ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် မတ်လကုန်မှ ယနေ့အထိ ၂၃ဝ ကေဗွီဓာတ်အားလိုင်း ၂ဝ၆ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၉ဝ မိုင်၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၄ မိုင်၊ ၆.၆ ကေဗွီ ဓာတ်အားလိုင်း ဝ.၃၂ မိုင်နှင့် ၄ဝဝ ဗို့ ဓာတ်အားလိုင်း ၁၇၃ မိုင်တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၁၄ ရုံ၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ၁၃ ရုံနှင့် ၁၁/ဝ.၄ ကေဗွီဓာတ်အား ခွဲရုံ ၁၇၃ ရုံတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို တိုးမြှင့်ဖြန့်ဖြူး ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)