Connect with us

Politics, Law & Military

၂၀၂ဝပြည့်နှစ် နွေရာသီကာလအတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ မဂ္ဂါဝပ် ၁၁၆၆ အား တိုးမြှင့်ထုတ်လုပ်ပေးမည်

လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုအား တွေ့ရစဉ်(လျှပ်စစ်ဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် နွေရာသီကာလအတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ မဂ္ဂါဝပ် ၁၁၆၆ အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆာင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံသို ဇန်နဝါရီ ၂၀ ရက်က သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။

ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုဖြစ်သည့် မကွေး ၆၆ မ ဂ္ဂါဝပ်   ၊ရွှေတောင်  (၂၈) မဂ္ဂါဝပ်၊ ကျွန်းချောင်း (၂၀) မဂ္ဂါဝပ်၊ အလုံ  (၁၅၁) မဂ္ဂါဝပ်၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ သန်လျင်  မဂ္ဂါဝပ် (၃၅၀)နှင့် သာကေတ  မဂ္ဂါဝပ် (၄၀၀) စုစုပေါင်း (၁၁၆၆) မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင် (၂၈) မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံသည် ဧပြီလတွင်လည်းကောင်း၊အလုံ (၁၅၁) မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံမှ  မတ်လတွင်လည်းကောင်း၊ ကျွန်းချောင်း မဂ္ဂါဝပ် (၂၀) မဂ္ဂါဝပ်၊ ကျောက်ဖြူ မဂ္ဂါဝပ် (၁၅၀)၊ သန်လျင် မဂ္ဂါဝပ် (၃၅၀) နှင့် သာကေတ မဂ္ဂါဝပ် (၄၀၀) ဓာတ်အားပေး စက်ရုံများမှ မတ်လ ၊ ဧပြီလနှင့် မေတို့တွင်လည်းကောင်း စတင် ဓာတ်အားထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးမြို့ ၆၆မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117