Connect with us

Myanmar

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
(၇/၁၁/၂၀၂၄ – MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ထိပ်သီးအစည်းအဝေးသို့ တက်ရောက် (၇/၁၁/၂၀၂၄ – MRTV)

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက် (၇/၁၁/၂၀၂၄ – MOI)

-မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်၊ မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည် (၇/၁၁/၂၀၂၄ – MOI)

-နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တင်ပို့သည့် ကုန်ပစ္စည်းအချို့ကို ပို့ကုန်ရငွေ နိုင်ငံခြားသုံးငွေ၏ ၂၅ ရာခိုင်နှုန်း လဲလှယ်အသုံးပြုရမည့် ကုန်စည်အဖြစ် ထပ်တိုးသတ်မှတ် (၇/၁၁/၂၀၂၄ – MOI)

-ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ပျားရည် (၇၆၆ ဒသမ ၀၂) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ (၇/၁၁/၂၀၂၄ – MOI)

-ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်မြှင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် (၇/၁၁/၂၀၂၄ – MOI)

-စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံ နှမ်း ၃၉၉၂၈၇ ဧက ရိတ်သိမ်းပြီးစီး (၇/၁၁/၂၀၂၄ – MOI)

-ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး (၈/၁၁/၂၀၂၄ – MRTV)

-မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း (၈/၁၁/၂၀၂၄ – MRTV)

-ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦးခရီးစဉ် အပတ်စဉ်ပြေးဆွဲမည် (၇/၁၁/၂၀၂၄ – MRTV)

-ချောက်ခရိုင်အတွင်းရှိ ကျေးရွာ (၁၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (၁၅)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ (၈/၁၁/၂၀၂၄ – MRTV)

-ပျဉ်းမနားမြို့နှင့် ရပ်စောက်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ (၈/၁၁/၂၀၂၄ – MOI)

-မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “The 5th International Conference on Advanced Information Technologies(ICAIT 2024)”ကျင်းပ (၈/၁၁/၂၀၂၄ – MOI)

-မန္တလေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း (၈/၁၁/၂၀၂၄ – MOI)

-ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ (၈/၁၁/၂၀၂၄ – MOI)

-ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်ကို ကြည့်ရှုစစ်ဆေး
(၈/၁၁/၂၀၂၄ – MOI)