China
ဆောင်းရာသီကာလတွင် ထာခဲ့လားမာကန်း သဲကန္တာရ၌ သဲကန္တာရစီမံခန့်ခွဲရေး အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိ
မော့ယွီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ဆောင်းရာသီကာလတွင် တရုတ်နိုင်ငံ ထာခဲ့လားမာကန်း သဲကန္တာရ၏ တောင်ဘက်အစွန်ဆုံးရှိ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟယ်ထျန်ဒေသ၊ မော့ယွိခရိုင်၏ အပူချိန်မှာ သုညဒီဂရီစင်တီဂရိတ်အောက်သို့ ကျဆင်းနေသော်လည်း ဤနေရာ၌ သဲကန္တာရစီမံခန့်ခွဲရေးကို အခိုင်အမာလုပ်ဆောင်ရန် စိတ်အားထက်သန်မှုမှာ မြင့်တက်လျက်ရှိသည်။ ဒါဇင်နှင့်ချီရှိသော ဘူဒိုဇာများသည် လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ သဲများ ပိတ်ဆို့ရန် အကာအရံများ တည်ဆောက်ခြင်းနှင့် သဲခုံများကို မြေညှိခြင်းတို့ကို လုပ်ဆောင်နေကြသည်။ ဒေသခံလယ်သမားများသည် ကျူပင်များကို ရိတ်သိမ်းခြင်းနှင့် ကောက်ရိုးအကွက်လိုက် ခင်းခြင်းတို့ဖြင့် အလုပ်များနေကြပြီး ဆောင်းရာသီ သဲကန္တာရစီမံခန့်ခွဲရေးစီမံကိန်းအား ထိရောက်စွာ တွန်းအားပေးဆောင်ရွက်ကြသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ထာခဲ့လားမာကန်း သဲကန္တာရ ပတ်လည်ရှိ ဂေဟအကာအကွယ်ဘက်စုံ ပြီးစီးချိတ်ဆက်ပြီးနောက် ရှင်းကျန်းဒေသသည် သဲကန္တာရကာကွယ်ရေးနှင့် သဲကန္တာရစီမံခန့်ခွဲရေး လုပ်ငန်းများကို စနစ်တကျ မြှင့်တင်ဆောင်ရွက်ကာ တောင်ပိုင်း ရှင်းကျန်းဒေသ ဂေဟလုံခြုံမှု ကာကွယ်ရေးစည်းကြောင်းကို စဉ်ဆက်မပြတ် ခိုင်မာစေခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လယ်သမားများသည် သဲကန္တာရစီမံခန့်ခွဲရေး ရှေ့တန်းသို့ လာရောက်၍ “ရာသီချိန်မဟုတ်လျှင် သဲကန္တာရစီမံခန့်ခွဲမှုများ ဆောင်ရွက်ကြပြီး စိုက်ပျိုးရာသီတွင် လယ်ယာလုပ်ငန်းလုပ်ဆောင်ခြင်း” ဖြင့် ၎င်းတို့အား အိမ်ရှေ့တွင်ပင် တည်ငြိမ်သောဝင်ငွေရရှိစေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟယ်ထျန်ဒေသ၊ မော့ယွိခရိုင်၊ခါးဝါခဲ့ကျေးရွာ၌ သဲကန္တာရအတွင်း ရွေ့လျားလည်ပတ်ကာ သဲသောင်ပြင်ကို ညှိပေးနေသော စက်ယန္တရားကြီးများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





…………………
(Chinese Version)
寒冬时节塔克拉玛干治沙正酣
新华社照片,墨玉(新疆),2026年1月12日
寒冬时节,尽管塔克拉玛干沙漠南缘的新疆和田地区墨玉县气温跌破零摄氏度,这里却涌动着治沙攻坚的热潮。数十台推土机轰鸣作业,推筑阻沙堤、平整沙丘,本地农户忙着收割加工芦苇、铺设草方格,冬季治沙工程高效推进。
自2024年11月环塔克拉玛干沙漠生态屏障全面锁边合龙后,新疆系统性推进防沙治沙工作,持续筑牢南疆生态安全防线。与此同时,农民来到治沙一线,“农闲治沙、农忙务农”让他们在家门口获得稳定收入。
图说1:在新疆和田地区墨玉县喀瓦克乡周边沙漠,当地农民在铺设草方格(1月11日摄)。 新华社记者 丁磊 摄
图说2:在新疆和田地区墨玉县喀瓦克乡,大型机械在沙漠中穿梭作业、平整沙地(1月11日摄,无人机照片)。新华社记者 丁磊 摄
