Connect with us

Business

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ် ၁၇ ခု ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၄၀၀ ကျော် ဖန်တီးပေး

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်နေကြသည့် ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ် ၁၇ ခု ခွင့်ပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် နေ့စဉ်သတင်းစာ The Global New Light of Myanmar ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ နေပြည်တော်၌ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ MIC က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် နှစ်ခုနှင့် ပြည်တွင်းမှရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၅ ခုတို့အား ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇.၆၄၄ သန်းနှင့် ငွေကျပ် ၅၅၇.၉၀၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၀.၂၆၅ ဘီလီယံခန့်) အသီးသီးရှိကာ အလုပ်အကိုင်အခွင့်အလမ်း ၂,၄၄၉ ခု ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့သည့် စီမံကိန်းများအနက် လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် တပ်ဆင်ခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ ထုတ်လုပ်ရေးလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများ ပါဝင်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏ အကြီးမားဆုံး အရင်းအမြစ်များအဖြစ် ဆက်လက်တည်ရှိနေကြောင်း အဆိုပါ သတင်းဖော်ပြချက်အရ သိရသည်။
MIC အနေဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဆိုင်ရာ အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………..
(English Version)
MIC approves 17 projects, creating over 2,400 jobs
YANGON, Feb. 26 (Xinhua) — The Myanmar Investment Commission (MIC) has approved 17 new investment projects, the state-owned daily The Global New Light of Myanmar reported on Thursday.
At its meeting on Wednesday in Nay Pyi Taw, the MIC approved two new foreign investments and 15 local investment projects, the report said.
Total investment is valued at 7.644 million U.S. dollars and over 557.907 billion kyats (about 0.265 billion U.S. dollars), and the projects are expected to create 2,449 jobs, it said.
The approved projects include EV motorcycle and automobile assembly, hotel and tourism services, construction, oil and natural gas, livestock breeding, manufacturing of agricultural input goods, the construction of housing and garment facilities, it added.
By the end of January 2026, investors from 53 countries had invested in Myanmar, with Singapore, China and Thailand remaining the largest sources of foreign direct investment, the report said.
The MIC oversees and approves investment project proposals from local and foreign investors, and provides services to existing investors under the Myanmar Investment Law, it said. Enditem
English Caption
Employees work at a garment factory in Yangon, Myanmar, May 12, 2023. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.