မြန်မာ-中文
တရုတ်ကုမ္ပဏီလုပ်ငန်းက တာဝန်ယူမွမ်းမံတည်ဆောက်ပေးခဲ့သော တာရာ (Tara) မြစ်တံတားကို “အင်ဂျင်နီယာ ထူးချွန်လက်ရာ” ဟူ၍ မွန်တီနီဂရိုးဝန်ကြီးချုပ် ချီးကျူးဂုဏ်ပြု
Zabljak (မွန်တီနီဂရိုး) ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
မွန်တီနီဂရိုးနိုင်ငံ ဝန်ကြီးချုပ် Milojko Spajic က ဧပြီ ၂၀ ရက်တွင် ကျင်းပသည့် တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသော မွန်တီနီဂရိုး တာရာမြစ်တံတား ပြုပြင်တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းပြန်လည်စတင်ခြင်းအခမ်းအနားသို့ တက်ရောက်လာစဉ် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဤ မွမ်းမံတည်ဆောက်ရေးစီမံကိန်းသည် “အင်ဂျင်နီယာနယ်ပယ်၏ ထူးချွန်လက်ရာ” ဟုလည်း အမွမ်းတင်ပြောကြားခဲ့သည်။
တာရာမြစ်တံတားကြီး မွမ်းမံတည်ဆောက်ရေးစီမံကိန်းကို China’s Shandong Hi-speed Group က တာဝန်ယူ တည်ဆောက်ပေးခဲ့ပြီး ယင်းသည် မွန်တီနီဂရိုးနိုင်ငံ၌ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။
စီမံကိန်းလုပ်ငန်းများတွင် တံတား၏ ချို့ယွင်းချက်များအား ပြုပြင်မွမ်းမံခြင်း၊ တောင်-မြောက် နှစ်ဖက်ကမ်း ချိတ်ဆက်လမ်းများကို အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အသွားအလာ ဘေးကင်းရေး အထောက်အကူပြုအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ ယာဉ်ရပ်နားနေရာများ တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………
(Chinese Version)
黑山总理赞中企修复的塔拉河大桥是“工程杰作”新华社照片,扎布利亚克(黑山),
2026年4月21日 黑山总理斯帕伊奇4月20日出席中国援建黑山塔拉河大桥修复项目复工仪式时对中方表示感谢,并称赞这一修复项目是“工程领域的杰作”。 塔拉河大桥修复项目由中国山东高速集团承建,是中国企业在黑山的重要基础设施工程之一。项目工程涵盖大桥病害修复、南北两岸接线道路改造、交通安全设施修复完善、停车场设置等。 图说:4月20日,在黑山扎布利亚克,黑山总理斯帕伊奇在中国援建黑山塔拉河大桥修复项目复工仪式上致辞。 新华社记者 石中玉 摄
