Connect with us

Asia

မွမ်ဘိုင်းမြို့တွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦးအထိမြင့်တက်


မွမ်ဘိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အဦတစ်ခုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း၊ လူ ၈ ဦးအားကယ်ဆယ်နိုင်ခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ အခြားသူ ၂ ဦးမှာ ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၆ ရက်က ပြိုကျခဲ့သည့် လေးထပ်အဆောက်အဦသု့ိသွားရာလမ်းမှာကျဉ်းမြောင်းနေပြီး အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေး စက်ပစ္စည်းများနှင့် ကိရိယာများမရောက်ရှိနိုင်သောကြောင့် လူများစွာပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်နိုင်သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် အိန္ဒိယနိုင်ငံ သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှ အဖွဲ့ ၃ ဖွဲ့ပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ လေးထပ်အဆောက်အအုံပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ လေးထပ်အဆောက်အအုံပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက်အဖြစ် ဘေးချင်းကပ်အဆောက်အအုံများမှထွက်ကာ ဒေသခံများအား အနီးဝန်းကျင်ရှိကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။

“အခင်းဖြစ်ရာနေရာကို ပြန်လည်ဖွံ့ဖြိုးတည်ထောင်ဖို့ ခွင့်ပြုချက် ကျွန်တော်တို့ရရှိထားပါပြီ။ အခုတော့ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့အရေး ကျွန်တော်တို့အာရုံစိုက်နေပါတယ်” ဟု မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖတ်နာဗစ် (Devendra Fadnavis) က သတင်းထောက်များအား ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.