Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းဝင်းအပြင်ဘက် ပြိုလဲပျက်စီးနေသော ရှေးဟောင်း ဘုရားကျောင်းအဆောက်အအုံအား အားဖြည့်ပြုပြင်ခြင်းလုပ်ငန်း ပြီးစီး

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် Angkor ရှေးဟောင်းသုတေသနနယ်မြေအပြင်ဘက် Banteay Srey Domdek ဘုရားကျောင်းတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများအား တွေ့ရစဉ်(APSARA National Authority/Handout via Xinhua)

ဖနွမ်းပင် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းပုရဝဏ်အပြင်ဘက်တွင်တည်ရှိသည့် ပြိုလဲပျက်စီးနေသည့် Banteay Srey Domdek ဘုရားကျောင်း အဆောက်အအုံအား APSARA National Authority (ANA) မှ ပညာရှင်များက အောင်မြင်စွာ အားဖြည့်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ANA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် Angkor ရှေးဟောင်းသုတေသနနယ်မြေအပြင်ဘက် Banteay Srey Domdek ဘုရားကျောင်းတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများအား တွေ့ရစဉ်(APSARA National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် Angkor ရှေးဟောင်းသုတေသနနယ်မြေအပြင်ဘက် Banteay Srey Domdek ဘုရားကျောင်းအား တွေ့ရစဉ်(APSARA National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် Angkor ရှေးဟောင်းသုတေသနနယ်မြေအပြင်ဘက် Banteay Srey Domdek ဘုရားကျောင်းအား တွေ့ရစဉ်(APSARA National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ် Angkor ရှေးဟောင်းသုတေသနနယ်မြေအပြင်ဘက် Banteay Srey Domdek ဘုရားကျောင်းအား တွေ့ရစဉ်(APSARA National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ဒေသ အန်ကောဘုရားကျောင်းအပြင်ဘက် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံများ နှင့် အန်ကောသမိုင်းဝင်နေရာအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ANA က စီမံခန့်ခွဲရေး တာဝန်ရှိကြောင်း သိရသည်။

လုပ်ငန်းခွင် တာဝန်ခံ Puth Soth က အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းသည် ရှေးဟောင်းဘုရားကျောင်းအား နောက်ထပ်အန္တရာယ်များမှ ကာကွယ်ရန် အစီအမံတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Banteay Srey Domdek ဘုရားကျောင်း၏ လက်ရှိအခြေအနေသည် အလွန်ယိုယွင်းနေကြောင်း ၊ အထူးသဖြင့် ဗဟိုမျှော်စင်၏ တံခါးဘောင် နှင့် ပြတင်းပေါက်ဘောင်၌ အက်ကွဲနေကြောင်း ၊ အကယ်၍ ထိုနေရာတွင် အားဖြည့်ဆောင်ရွက်မှုမပြုလုပ်ပါက ဘုရားကျောင်းအား ဒုက္ခပေးမည့်အခြေအနေတစ်ခု ဖြစ်ပေါ်စေနိုင်ကြောင်း လုပ်ငန်းခွင် တာဝန်ခံက ပြောကြားခဲ့သည်။

အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းအား ဩဂုတ်လနှောင်းပိုင်းတွင် စတင်ခဲ့ကြောင်း နှင့် အောက်တိုဘာလကုန်ပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Banteay Srey Domdek ဘုရားကျောင်းသည် အန်ကောသမိုင်းဝင်နယ်မြေ၏ အပြင်ဘက်တွင် တည်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး Siem Reap မြို့၏ အရှေ့ဘက် ၃၄ ကီလိုမီတာအကွာ Sot Nikum ခရိုင်ရှိ Banteay Srey ဘုရား၏ ဧရိယာအတွင်း တည်ရှိကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် အန်ကောဘုရားကျောင်းသည် ၂၀၂၁ ခုနှစ် ၁၀လတာအတွင်း နိုင်ငံခြားသား ၇,၂၈၆ ဦး လာရောက်ခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် နှစ်အလိုက်တိုးတက်မှုနှုန်း ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အန်ကောဝပ်ရှေးဟောင်းသုတေသနနယ်မြေသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လက်မှတ်ရောင်းချမှုများမှ အမေရိကန်ဒေါ်လာ ၂၉၉,၇၇၇ သာ ရရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ၉၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှု မတိုင်မီကာလ ၂၀၁၉ ခုနှစ်တွင် အန်ကောမြို့သည် နိုင်ငံတကာခရီးသွား ၂ ဒသမ ၂ သန်းအထိ ဆွဲဆောင်နိုင်ခဲ့ပြီး လက်မှတ်ရောင်းချမှုများမှ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
Reinforcement work on ruined ancient temple outside Cambodia’s Angkor completed
PHNOM PENH, Nov. 8 (Xinhua) — Experts from the APSARA National Authority (ANA) have successfully reinforced the structure of the ruined Banteay Srey Domdek temple outside Cambodia’s Angkor, said an ANA’s press release on Monday.
The ANA is the management authority responsible for protecting and preserving the Historic Site of Angkor and the ancient monuments outside of Angkor in northwest Cambodia’s Siem Reap Province.
Puth Soth, the official in charge of the working site, said the structural reinforcement was a measure to prevent further danger to the ancient temple.
“The current state of the Banteay Srey Domdek temple is very dilapidated, especially the door frame of central tower and the crack at window frame,” he said. “If interventions were not in place, they would pose a threat to the temple.”
Soth said the reinforcement work begun late August and was completed at the end of October.
Banteay Srey Domdek temple is located outside of the Historic Site of Angkor, the press release said, adding that it is situated in the area of Banteay Srey pagoda in Sot Nikum district, about 34 km east of Siem Reap City.
Meanwhile, the Southeast Asian nation reported that Angkor, a world heritage site, received 7,286 foreigners in the first 10 months of 2021, down 98 percent year-on-year due to the COVID-19.
The ancient site earned only 299,777 U.S. dollars from ticket sales during the January-October period this year, down 98.4 percent year-on-year.
Prior to COVID-19, the site attracted up to 2.2 million international tourists in 2019, earning a gross revenue of 99 million U.S. dollars from ticket sales. Enditem
Photo 1 – Undated file photo shows staff members working on the Banteay Srey Domdek temple outside the Angkor Archaeological Park in Siem Reap Province, Cambodia. (APSARA National Authority/Handout via Xinhua)
Photo 2 – Undated file photo shows staff members working on the Banteay Srey Domdek temple outside the Angkor Archaeological Park in Siem Reap Province, Cambodia. (APSARA National Authority/Handout via Xinhua)
Photo 3 – Undated file photo shows the Banteay Srey Domdek temple outside the Angkor Archaeological Park in Siem Reap Province, Cambodia. (APSARA National Authority/Handout via Xinhua)
Photo 4 – Undated file photo shows part of the Banteay Srey Domdek temple outside the Angkor Archaeological Park in Siem Reap Province, Cambodia. (APSARA National Authority/Handout via Xinhua)
Photo 5 – Undated file photo shows the Banteay Srey Domdek temple outside the Angkor Archaeological Park in Siem Reap Province, Cambodia. (APSARA National Authority/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.