Connect with us

Politics, Law & Military

၂၀၁၇ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး ၈၀၈ မှုဖမ်းဆီးအရေးယူနိုင်ခဲ့

ဇန်နဝါရီလအတွင်း မိုင်းပန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ငွေကျပ်သိန်းငါးထောင် ကျော်ဖိုးရှိဘိန်းညိုမှုန့်များ အားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ် ဆေးဝါးမှု ၈၀၈ မှုမှ တရားခံ အမျိုးသား ၁၀၂၀ ၊ အမျိုးသမီး ၁၄၃ ဦး စုစုပေါင်း ၁၁၆၃ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များမှာ ဘိန်း ၃၄ မှုမှ ၁၉၅ .၁၉၆၁ ကီလို ၊ ဘိန်းဖြူ ၂၆၅ မှုမှ ၇.၆၄၉၂၄၂ ကီလို ၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၄၈ မှုမှ ၇၃၄,၈၄၀ ပြား၊ အဆင့်နိမ့်ဘိန်းလေးမှုမှ ဝ.၀၉၉၇ ကီလို၊ ဆေးပြားအကြေ သုံးမှုမှ ဝ.၁၉၆၄ ကီလို၊ ဆေးခြောက်မှု ရှစ်မှုမှ ၂.၈၆၉၁၅ ကီလို၊ ဘိန်း စာမှုန့်အမှု ၂၀ မှ ၅၈ .၂၈၉ ကီလို၊ ဘိန်းညိုမှုန့်တစ်မှုမှ ၄၆ ကီလို၊ ဘိန်းဆီခဲ ခြောက်မှုမှ ၃.၃၁၄၁၆၅ ကီလို၊ ဘိန်းဆီရည် ၀ .၇၄ လီတာ၊ ဘိန်းဖြူရည်တစ်မှုမှ ၀ .၀၀၁ လီတာ၊ အိုက်စ်နှစ်မှုမှ ၁၉.၂၂၅၂ ကီလို၊ ကတ်စာမင်း တစ်မှုမှ ၂၄ ကီလို၊ ဗျူပရီနော်ဖင်း တစ်မှုမှ ကိုးပြား၊ လိုရာ ဇီပမ်း ခုနစ်ပြား၊ ထရာမဒေါလ်တစ်မှုမှ ၅၇ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.