Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ အနေဖြင့် သမိုင်း အသစ် ဖွင့်လှစ်ရန် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား(ပင်လုံ) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ် ကျောက်တိုင်ရှေ့ တွင် ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပင်လုံ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

၂၁ ရာစု ပင်လုံ အနေဖြင့် သမိုင်း အသစ် ဖွင့်လှစ်ရန် ရှမ်းပြည်နယ် ၊ ပင်လုံမြို ့၌ ယနေ့ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။

“ပထမ ပင်လုံ စာချုပ်ဟာ ပြည်ထောင်စု အတွက် သမိုင်း စာမျက်နှာ တစ်မျက်နှာ အသစ် လှန်ပေးလိုက်လို့ ပြည်သူလူထုဟာ အခုထိ သတိရ တမ်းတနေတာ ဖြစ်ပါတယ်။၂၁ ပင်လုံ အနေနဲ့သမိုင်း စာမျက်နှာ တစ်မျက်နှာ လှန်ရုံ မက သမိုင်း စာအုပ် အသစ် တစ်အုပ် ဖွင့်ကြပါစို့လို့မေတ္တာရပ်ခံပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)သို့တက်ရောက် လာသူများက နိုင်ငံတော် အလံအား အလေးပြုနေစဉ်(ဆင်ဟွာ)

ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ် ကျောက်တိုင်ရှေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသူ အမျိုးသမီးငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းတင် လက်မှတ် ရေးထိုးနေစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ခဲ့သော ညောင်ပင်အောက် နေရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားများ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုက်လံ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ပင်လုံမြို့၌ ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ပင်လုံမြို့၌ ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် တိုင်းရင်းသား ညီအကို မောင်နှမများကို ကူညီဖေးမ မြှင့်တင်တင်ရန်သာ ဆန္ဒရှိကြောင်း ၊ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မည်သူကိုမှ အကျိုးမယုတ်စေလိုဘဲ အကျိုးမြှင့်တင်ပေးချင်သည့် စိတ်ဓာတ်ဖြင့် ယခုအခါတွင် ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့သည့် နေရာတွင် စုပေါင်းကြခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)အား ကျင်းပခဲ့ရာတွင် ပင်လုံ သမိုင်း အကျဉ်းအား တိုင်းရင်းသား ၁ ဦးက ရှင်းလင်း ပြောကြားခြင်း ၊ ပင်လုံ စာချုပ်ပါ အပိုဒ် ၈ ပိုဒ်အား ချင်း ၊ ကယား ၊ ကရင် ၊ ရခိုင် ၊ မွန် ၊ ကချင် ၊ ရှမ်း နှင့် ဗမာ တိုင်းရင်းသားတို့မှ တစ်ပိုဒ်စီ ရှင်းလင်း ဖတ်ကြားခြင်းများအား ထည့်သွင်း ပြုလုပ်ခဲ့သည်။

ထို့အတူ ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပါဝင်နေသည့် အစုအဖွဲ့အားလုံးကို သတ္တိရှိရှိဖြင့် ပြည်သူ့အကျိုးအတွက် စွန့်စား စွန့်လွှတ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပြီး စွန့်စားစွန့်လွှတ်ခြင်း ဆိုသည်မှာ အမြင့်မားဆုံး သတ္တိဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သည့် ပုဂ္ဂိုလ်များ အားလုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစွာဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် အားလုံး ပါဝင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ခဲ့သော ညောင်ပင်အောက် နေရာတွင် ငြိမ်းချမ်းရေး စကားဝိုင်း(Panglong Peace Talk)အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကဏ္ဍ အလိုက် ပါဝင် ဆောင်ရွက်နေသည့် တိုင်းရင်းသား ၁၂ ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)သို့သမိုင်းဝင် ပြည်မတောင်တန်း ပူးပေါင်းရေး ပင်လုံ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ် ၂၃ ဦးအနက် ၂၂ ဦး၏ မိသားစုဝင်များသာ တက်ရောက်ခဲ့ပြီး ကျန် တစ် ဦး၏ မိသားစုဝင်များမှာ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

သမိုင်းဝင် ပင်လုံ စာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ ကချင်ကိုယ်စားလှယ် ဦးဒိန်ရတန်၏ သားဖြစ်သူ ဦးဒိန်ရအဖုန်က “ကိုယ့်အဖေ လက်မှတ်ထိုးခဲ့တဲ့ နေရာလေး ပြန်ရောက်ရတယ်။နိုင်ငံတော်ကလဲ အခုလို စီစဉ်ပေးတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ဒီလို မိသားစုဝင်တွေ ပြန်တွေ့ရတာ အရင်တုန်းက အဖေတို့လဲ ဒီနေရာမှာ ဒီလို စုပြီး ချစ်ချစ်ခင်ခင် ၊ ရင်းရင်းနှီးနှီးနဲ့ဝိုင်းဆွေးနွေး အဖြေရှာကြတယ်။ဒီနေ့မိသားစုဝင်တွေ ပြန်တွေ့ရတာ အရမ်း ဂုဏ်ယူပါတယ်။ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပင်လုံ စာချုပ်ကို အခြေခံပြီး လုပ်သွားရင်တော့ အောင်မြင်သွားမှာပါ။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

သမိုင်းဝင် ပြည်မတောင်တန်း ပူးပေါင်းရေး ပင်လုံ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်များ၏ မိသားစုဝင်များ စုံညီစွာ ပါဝင် တက်ရောက်ခဲ့သည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)သို့အစိုးရ အဖွဲ့ဝင်များ ၊ တိုင်းရင်းသား ကိုယ်စားလှယ် အစုအဖွဲ့များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ အပါအဝင် စုစုပေါင်း ၁၇၀၀ နီးပါးခန့်တက်ရောက်ခဲ့ပြီး သတင်းမီဒီယာ ၂၀၀ ဦးရေ နီးပါး တက်ရောက် သတင်း ရယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့သော သမိုင်းဝင် ပြည်မတောင်တန်း ပူးပေါင်းရေး ပင်လုံ စာချုပ်အား ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်များစုစုပေါင်း ၂၃ ဦး ပါဝင် ရေးထိုးခဲ့ရာ ယခုအခါတွင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ (Xinhua)