ဂျေရုဆလင်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် အစ္စရေးတွင် ကုန်းလမ်းနယ်စပ်ဂိတ်တံခါးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း အစ္စရေး ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှုမှာ ဇန်နဝါရီ ၂၇ ရက် အစောပိုင်း၌ အရေအတွက်သည် သန်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ရာ လူသားများအနေဖြင့် နိုးနိုးကြားကြားရှိရမည့် အခိုက်အတန့်တစ်ခုအဖြစ် ဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင်တစ်ခုကို မှတ်ယူရမည်ဖြစ်ပြီး အသက်သေစေနိုင်သော...
ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၄ ခု ကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ၂၄နာရီအတွင်း COVID-19ရောဂါဖြစ်ပွားသူ ၄၃၄ ဦးနှင့် သေဆုံးသူ ၇ ဦးရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရာဇီးလီယား၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံ အစိုးရသည် ရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်သည့် အမေဇုံနက်စ်မှ COVID-19 လူနာ ၁,၅၀၀ ဦးကို ဆေးကုသရန်အတွက် အခြားသောပြည်နယ်များသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီး Eduardo Pazuello က ဇန်နဝါရီ...
လီမာ ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပီရူးနိုင်ငံ သမ္မတ Francisco Sagasti က ဗီရူးနိုင်ငံအစိုးရအနေဖြင့် နိုင်ငံမြို့တော် လီမာ အပါအဝင် ဒေသ ၁၀ ခုအား COVID-19 ကပ်ရောဂါ အန္တရာယ်အလွန်များသည့် ဒေသ အဖြစ် သက်မှတ်ခဲ့ပြီး ယင်းဒေသများတွင်...
ရောမ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီတလီ ဝန်ကြီးချုပ် Giuseppe Conteသည် ဇန်နဝါရီ ၂၆ ရက်က သမ္မတ Sergio Mattarella ထံသို့ နုတ်ထွက်စာ တင်ခဲ့သည်။Giuseppe Conte ဘာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ပါသလဲ။ ထို့အတွက် မည်သို့ သက်ရောက်မှုမျိုး ဖြစ်ပေါ်လာနိုင်သလဲ။...
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်နိုင်းလုံး၌ပုဂ္ဂလိကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူများသည် စတင်လျှောက်ထားလျက်ရှိပြီး၊ ဆက်လက်လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက် တွင်ပြောသည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်၌ ဇန်နဝါရီ ၂၇ ရက်က ခံယူခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တရုတ်နှစ်သစ်ကူးကာလအပြီးတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပိုမိုတိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူ က ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားသည်။