Connect with us

WORLD

ပီရူးနိုင်ငံတွင် COVID-19 ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းနိုင်ရန် မဖြစ်မနေ လူမှုအသိုင်းအဝိုင်း သီးသန့်ခွဲခြားနေထိုင်မှုအား ထပ်မံဆောင်ရွက်

ပီရူးနိုင်ငံ Jorge Chavez အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ထမ်းများ နှာခေါင်းစည်းတပ်၍ တာဝန်ထမ်းဆောင်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လီမာ ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပီရူးနိုင်ငံ သမ္မတ Francisco Sagasti က ဗီရူးနိုင်ငံအစိုးရအနေဖြင့် နိုင်ငံမြို့တော် လီမာ အပါအဝင် ဒေသ ၁၀ ခုအား COVID-19 ကပ်ရောဂါ အန္တရာယ်အလွန်များသည့် ဒေသ အဖြစ် သက်မှတ်ခဲ့ပြီး ယင်းဒေသများတွင် ဇန်နဝါရီ ၃၁ ရက်မှ စတင်၍ မဖြစ်မနေ လူမှုအသိုင်းအဝိုင်း သီးသန့်ခွဲခြားနေထိုင်မှုအား ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

Francisco Sagasti က ဇန်နဝါရီ ၂၆ ရက် ညပိုင်းအချိန်၌ ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ဇန်နဝါရီ ၃၁ ရက်မှစတင်၍ နိုင်ငံမြို့တော် လီမာ နှင့် Ica ၊ Junín ၊ Ancash စသည့် ပြည်နယ် ၉ ခုရှိ ပြည်သူများအနေဖြင့် စားသောက်ကုန်နှင့်ဆေးဝါး စသော နေ့စဉ်မဖြစ်မနေသုံးပစ္စည်းဝယ်ယူခြင်း သို့မဟုတ် ဘဏ်သို့သွားရောက်ခြင်းမှလွဲ၍ နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်ကြောင်း ၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးသာလျှင် ပြင်ပသို့ ဈေးဝယ်ထွက်နိုင်မည်ဖြစ်ပြီး စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာများအနေဖြင့် ပါဆယ်ရောင်းချခြင်း နှင့် အိမ်အရောက်ပို့ဆောင်ခြင်းများသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဈေးဆိုင် နှင့် ဘဏ်များအနေဖြင့် ဧည့်သည်ဝင်ဆန့်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြင့်သာ လည်ပတ်လှုပ်ကိုင်ရမည် ဖြစ်ပြီး ပြည်နယ်များအကြား ကုန်းကြောင်း နှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးများ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုများကို ဖေဖော်ဝါရီ ၁၄ ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပီရူးနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာ မဖြစ်မနေ လူမှုအသိုင်းအဝိုင်း သီးသန့်ခွဲခြားနေထိုင်မှုအား ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းနှစ် ဇူလိုင်လတွင် ဒေသအချို့၌ သီးသန့်ခွဲခြားနေထိုင်မှုအား ပယ်ဖျက်ပေးခဲ့ပြီးနောက် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ဦးရေ လျင်မြန်စွာပြန်လည် မြင့်တက်လာခဲ့ကြောင်း ၊ ယခုနှစ်နှစ်ဆန်းပိုင်းအချိန်တွင် ပီရူးနိုင်ငံ၌ COVID-19 ကူးစက်ခံရသူသည် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ဆေးရုံတက်ကုသရသည့် လူနာများမှာလည်း လွန်စွာ များပြားလာခဲ့ကြောင်း သိရသည်။ ပီရူးနိုင်ငံ ဆေးပညာကောလိပ် ကျောင်းအုပ် Miguel Palacios က လတ်တလောရက်ပိုင်းအတွင်း ပီရူးနိုင်ငံကြုံတွေ့နေရသော COVID-19 ရောဂါ ဒုတိယလှိုင်းသည် ထိန်းချုပ်၍ မရတော့သည့် အဆင့်သို့ရောက်ရှိနေပြီး ကျန်းမာရေးစနစ်မှာလည်း ပြိုလဲလုနီးပါးဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ပီရူးနိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၁၃ ရက်ထုတ်ပြန်ကြေညာချက်အရ ပီရူးနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် အခြေအနေအရ ကူးစက်နိုင်သော အန္တရာယ်အဆင့်များကို ခွဲခြားသွားမည်ဖြစ်ပြီး ခွဲခြားထားသည့် ဒေသ နှင့် အဆင့်အလိုက် တိကျစွာ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် ၁၅ ရက်လျှင်တစ်ကြိမ် ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ချက်အခြေအနေပေါ်မူတည်၍ ပြန်လည်သုံးသပ်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကပ်ရောဂါ အခြေအနေ ပြောင်းလဲမှုအရ သက်ဆိုင်ရာဒေသများ၏ အန္တရာယ်အဆင့် နှင့် ကပ်ရောဂါ ကာကွယ်မှု မူဝါဒများကို ချမှတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ပီရူးနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁.၁ သန်းကျော်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၄၀,၁၀၇ ဦးရှိကြောင်း သိရသည်။ (Xinhua)

#Peru #COVID-19
#epidemic #ပီရူး #ကပ်ရောဂါ #သီးသန့်ခွဲခြားနေထိုင်မှု #ဆင်ဟွာ #Xinhua
———————————————-
(Chinese Version)

(国际疫情)秘鲁再次实行强制性社会隔离以应对新冠疫情

  新华社利马1月26日电(记者张国英)秘鲁总统萨加斯蒂26日晚宣布,政府决定将包括首都利马在内的10个地区列入新冠疫情“极高风险”区,自1月31日起这些地区将再次实行强制性社会隔离措施,以应对第二波新冠疫情。
  萨加斯蒂当晚在向全国发表电视讲话时说,自31日起首都利马和伊卡、胡宁、安卡什等9个省的居民除外出购买食品、药品等必需品或去银行以外,都应居家隔离;每个家庭只能有1人外出购物;餐厅、购物中心仅提供外卖和送货上门服务;商店、银行按40%客容量运营;暂停省际陆路和空中运输。这些防控措施将实行到2月14日。
  秘鲁曾于2020年3月开始实行全国强制性社会隔离,以防控疫情。同年7月秘鲁部分地区取消该隔离措施后,新增新冠确诊病例数快速回升。自今年年初以来,秘鲁全国新冠确诊病例数大幅增加,住院病例数激增。秘鲁医学院院长米格尔•帕拉西奥斯日前表示,秘鲁当前的第二波新冠疫情“几近失控”,卫生系统接近崩溃。
  秘鲁政府在今年1月13日宣布,该国将根据新冠疫情进展划分感染风险等级,分区分级精准防控。政府每隔15天对防控措施的有效性进行一次评估,并根据疫情变化调整各地风险等级和防疫政策。
  据秘鲁卫生部26日公布的最新数据,该国累计新冠确诊病例超过110万例,累计死亡40107例。(完)

Photo
3月6日,在秘鲁卡亚俄的豪尔赫•查韦斯国际机场,工作人员佩戴口罩等候登机。新华社发