Connect with us

Education & Health

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပုဂ္ဂလိကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူများ ဇန်နဝါရီ ၃၀ အတွင်း လျှောက်ထားနိုင်

အခြေခံပညာကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်နိုင်းလုံး၌ပုဂ္ဂလိကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူများသည် စတင်လျှောက်ထားလျက်ရှိပြီး၊ ဆက်လက်လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက် တွင်ပြောသည်။

“ဒီ၂၀၂၀-၂၀၂၁ ပညာသင်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူတွေကို ဒီလ ၂၅ ရက်နေ့ကနေစပြီး လျှောက်လွှာလက်ခံနေပါတယ်။ ကိုယ်ပိုင်ကျောင်းတွေလျှောက်ထားတဲ့အခါမှာ ကျွန်တော်တို့ သတ်မှတ်ချက် အသေးစိတ်တွေရှိတယ်။သတ်မှတ်ချက်နဲ့အညီ ကျွန်တော်တို့အနေနဲ့ စိစစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်’’ ဟု ၄င်းက ဆိုသည်။

ယင်းလျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးမတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်းဆိုသည်။ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀၀ ကျော်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ယနေ့ကာကွယ်ဆေးများစတင်ထိုးနှံပေးနေပြီဖြစ်သောကြောင့် ကျောင်းများပြန်လည် ဖွင့်လှစ်ရန် အလားအလာကောင်းလာကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.