ဂျကာတာ ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါသွားသော ကုန်တင်လေယာဉ်တစ်စီးသည် နိုင်ငံ အရှေ့ပိုင်းရှိ Papua ပြည်နယ်အတွင်း မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် အဆိုပါ ပျောက်ဆုံး ကုန်တင်လေယာဉ်ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် အရေးပေါ်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) Myanmar Post and Telecommunication (MPT) အနေဖြင့် ကျိုက်ထိုမြို့နယ် ကျိုက်ထိုအိတ်ချိန်း၊ မန္တလေးတိုင်း မလှိုင်မြို့နယ် မလှိုင်အိတ်ချိန်း နှင့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် အိတ်ချိန်းများတွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်သဖြင့် အော်တို တယ်လီဖုန်းနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း...
နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ အကျဉ်းထောင် အစောင့်အား အောက်တိုဘာလ ၃၁ ရက်၌ သတ်ကာ တရားမဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစွန်းရောက် အစ္စလာမ်မစ် ကျောင်းသားများ လှုပ်ရှားမှုအဖွဲ့ဝင် (SIMI) အနည်းဆုံး၈ ဦး...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ဖြစ်သည့် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၆-၂၀၁၉ သက်တမ်းအတွက် ရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့သစ်သည် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးအပြီးတွင် အသင်းချုပ်တာဝန်များကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဟနွိုင်း၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသ တွင် ဦးခေါင်းသေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးသည် ဇီကာဗိုင်းရပ်စ် နှင့် များစွာ ဆက်နွယ်မှု ရှိနေကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဋ္ဌာန တစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ကွမ်းလုံကြိုးတံတား၌ ယာဉ်ဝင်ထွက်မှုများ စစ်ဆေးစဉ် ကားပေါ်၌ ကျပ်သိန်း ၇၀၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များဖမ်းဆီးရမိထားကြောင်း ကွမ်းလုံမြို့နယ် ရဲစခန်းထံမှ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ (ယနေ့) အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၆ ရက်အထိ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်သည် တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခငွေကျပ် ၃၆ဝဝ မှ ၅၆ဝဝ အထိ တိုးမြှင့် သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန် ဦးဆောင် ကော်မတီမှ ပူးတွဲအလှည့်ကျ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။