Connect with us

Politics, Law & Military

ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်း ၇၀,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ကွမ်းလုံကြိုးတံတား၌ ယာဉ်ဝင်ထွက်မှုများ စစ်ဆေးစဉ် ကားပေါ်၌ ကျပ်သိန်း ၇၀၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များဖမ်းဆီးရမိထားကြောင်း ကွမ်းလုံမြို့နယ် ရဲစခန်းထံမှ သိရသည်။

အဆိုပါ ယာဉ်စစ်ဆေးစဉ် လင်ခရူဇာကားနှစ်စီးပေါ်ရှိ နောက်ခန်းများ အတွင်းမှ ဘိန်းဖြူမှုန့်များထည့်ထားသည့် အပြာရောင်ဆာလာအိတ် ၂၅ အိတ်( ၂၉၈ ဒသမ ၈ ကီလိုဂရမ်ခန့်) ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၉၇၆၀ ခန့်နှင့် ဘိန်းညိုမှုန့်များထည့်ထားသော ဆာလာအိတ် ရှစ်အိတ်(၂၀ဝ ကီလိုဂရမ်ခန့်) ခန့် မှန်းတန်ဖိုးငွေကျပ်သိန်း ၁၈၀ဝ၀ ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၇,၇၆၀ ခန့်အား သယ်ဆောင်လာသူများကို ဖမ်းဆီးရမိခဲ့သည်။

ယင်း ဖမ်းဆီးရမိသူများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်များအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကွမ်းလုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.