Connect with us

Asia

ဗီယက်နမ်၏ ပထမဆုံး ဦးခေါင်းသေးငယ် သည့် ကလေး မွေးဖွားလာမှု ဇီကာဗိုင်းရပ်စ် နှင့် များစွာ ဆက်နွယ်မှုရှိ

ဦးခေါင်းသေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသ တွင် ဦးခေါင်းသေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးသည် ဇီကာဗိုင်းရပ်စ် နှင့် များစွာ ဆက်နွယ်မှု ရှိနေကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဋ္ဌာန တစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

Dak Lak ပြည်နယ် မှ လေးလသား မိန်းကလေး တစ်ဦးသည် ဦးခေါင်းသေးငယ်စွာ မွေးဖွားလာခြင်းဖြစ်ပြီး ယင်းချို့ယွင်းချက်သည် ဇီကာဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်မှုရှိနေကြောင်း ကျန်းမာရေးဝန်ကြီးလက်အောက်ရှိ ဆေးပညာဆိုင်ရာ ကာကွယ်မှု ဋ္ဌာနက ပြောကြားခဲ့သည်။

အဆိုပါ ကလေးငယ်၏ ဦးခေါင်းသေးငယ်မှု လက္ခဏာအား အောက်တိုဘာ ၁၄ရက်တွင် ပထမဆုံး သိရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ၎င်း၏ ၂၃နှစ်အရွယ် မိခင်ဖြစ်သူတို့ထံမှ ဆေးစစ်ရန် နမူနာများအား ရယူရန် ဂျပန်နိုင်ငံ၌ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ မိခင်ဖြစ်သူသည ်ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖျားနာမှုနှင့် အနီဖုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုချိန်အထိ ဗီယက်နမ်နိုင်ငံတွင် ဇီကာရောဂါ ဝေဒနာရှင် ကိုးဦးရှိပြီး ဟိုချီမင်းမြို့ မှ ငါးဦး၊ Phu Yen, Khanh Hoa, Binh Duong နှင့် Long An ပြည်နယ်များမှ တစ်ဦးစီဖြစ်ကြောင်းသိရသည်။ ဟိုချီမင်းမြို့ နှင့် Binh Duong ပြည်နယ်တို့၏ လူမှုအသိုင်းအဝိုင်းအတွင်း ဇီကာဗိုင်းရပ်စ် ပြန့်ပွားနေကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.