Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်၏ ကိုယ်ရေးအကျဉ်း

တရုတ်သမ္မတ ရှီကျင့်ဖိန်(ယာ)နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်(ဝဲ) တို့ ၂ဝ၁၄ ခုနှစ် ဇွန် ၃ဝ ရက်က ပေကျင်းမြို့ ၌ တွေ့ ဆုံကြစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ (ယနေ့) အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၆ ရက်အထိ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်သည် တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

၎င်း ခရီးစဉ်သည် မလေးရှားနိုင်ငံဝန်ကြီးချုပ်အဖြစ် နာဂျစ်ရာဇာတ်၏ သုံးကြိမ်မြောက် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်သော ခရီးစဉ် ဖြစ်သည်။ ဝန်ကြီးချုပ်နာဂျစ်သည် ၂ဝဝ၉ ခုနှစ် နှင့် ၂ဝ၁၄ ခုနှစ် များတွင် တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်လာရောက်လည်ပတ်ထားဖူးကြောင်း သိရသည်။

အောက်ဖော်ပြပါ အချက်အလက်များမှာ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်၏ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်ပင် ဖြစ်သည်။

ဝန်ကြီးချုပ်နာဂျစ်သည် ၂ဝဝ၉ ခုနှစ် ဧပြီလတွင် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၎င်းသည် ၂၀၁၃ ခုနှစ် မေလတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒုတိယသက်တမ်းအတွက် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်း ခံထားရသူဖြစ်သည်။

နာဂျစ်သည် ၂ဝဝ၄ ခုနှစ် မှ ၂ဝဝ၉ ခုနှစ် အထိ မလေးရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလမတိုင်မီ သူသည် မလေးရှားနိုင်ငံအစိုးရအဖွဲ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ၊ လူငယ် နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး နှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး စသည်ဖြင့် ဝန်ကြီးဌာနအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

၎င်းသည် ၁၉၈၂ ခုနှစ် မှ ၁၉၈၆ ခုနှစ်အထိ မလေးရှားနိုင်ငံ ဖအန်း(Pahang) ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် မလေးရှားနိုင်ငံ စွမ်းအင် ၊ ဆက်သွယ်ရေး နှင့် စာတိုက်ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ နာဂျစ်သည် ၁၉၇၆ ခုနှစ်တွင် မလေးရှားနိုင်ငံ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

နာဂျစ်ကို မလေးရှားနိုင်ငံ ဖအန်းပြည်နယ်တွင် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် အင်္ဂလန်နိုင်ငံ နော့တင်ဟမ်တက္ကသိုလ် မှ စက်မှုစီးပွားဘွဲ့ကို ဆွတ်ခူးရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.