ဟူစတန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဇူလိုင် ၆ ရက် ညနေအချိန်အထိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၈၀ ဦး သေဆုံးခဲ့ကြောင်း ၎င်းပြည်နယ် အစိုးရနှင့် ဒေသန္တရအစိုးရတို့က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ ကားရ်ခရိုင် ဂွါဒါလူပီမြစ်ကမ်းတွင် ရေကြီးမှုဒဏ်ခံခဲ့ရသော နွေရာသီစခန်းတစ်ခု၌...
ဂျီနီဗာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံက အီရန်နိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် ဇွန် ၂၀ ရက်ကစ၍ ယာယီပိတ်ထားခဲ့သော တီဟီရန်မြို့ရှိ ၎င်း၏ သံရုံးကို ဇူလိုင် ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Nadine Olivieri Lozano နှင့်...
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၆ ရက်တွင် BRICS နိုင်ငံခေါင်းဆောင်များ ၁၇ ကြိမ်မြောက်တွေ့ဆုံမှု ပထမအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး “ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး”...
ကွာလာလမ်ပူ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ခိုင်မာ၍ စည်းစနစ်ကျသောအင်အားအဖြစ် ထွက်ပေါ်လာသော BRICS အစုအဖွဲ့သည် ပိုမိုမျှ၍ သမာသမတ်ကျသော နိုင်ငံတကာစည်းစနစ်တစ်ရပ် ပုံပေါ်လာမည့် အခွင့်အလမ်းတစ်ရပ်အား ကိုယ်စားပြုကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းဟောင်းများကို ပြောင်းလဲနေသော ကမ္ဘာ့အမှန်တကယ်အခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏...
ရီယိုဒီဂျနေရိုး (ဘရာဇီး)၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) BRICS နိုင်ငံများ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဖိုရမ်ကို ဇူလိုင် ၅ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပခဲ့ပြီး ကုန်သွယ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်အသွင်ပြောင်းရေးနှင့် ကာဗွန်လျော့နည်းရေးမဟာဗျူဟာ၊ အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်း နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့အား အားကောင်းစေရေးစသည့် အကြောင်းအရာတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။...