မက္ကဆီကို ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် မက္ကဆီကိုနိုင်ငံ မက္ကစီကိုစီးတီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောမ၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် စစ်သားတစ်ဦး ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါစစ်သားထိုးနှံခဲ့သည့် AstraZeneca ကာကွယ်ဆေးပါဝင်သော ဆေးအသုတ်ထဲမှ အသုံးပြုခြင်းအား တားမြစ်လိုက်ကြောင်း သိရသည်။
ဦလန်ဘာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်ဆေးများ လျင်မြန် မျှတစွာ ရရှိနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှုဖြစ်သော COVAX မှ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို မတ် ၁၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁၀ ရက်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်တီယေဂိုတိရစ္ဆာန်ရုံရှိ ဟိုမိုနီဒယ် မျောက်ဝံမျိုး (great ape) ၉ ကောင်အား တိရစ္ဆာန်များအတွက် ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အမေရိကန်တွင် လူသားမဟုတ်သော မျောက်ဝံများကို COVID-19 ကာကွယ်ဆေး ပထမဆုံးထိုးနှံပေးခြင်းလည်းဖြစ်ကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူတစ်ဦးက မတ်...
ဟာရာရီ ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် Sinovac နှင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်သုံးစွဲရန် ဇင်ဘာဘွေဆေးဝါးထိန်းချုပ်မှုအာဏာပိုင်အဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ရိုဘီ ၊ မတ် ၉ ရက် (ဆင်ဟွာ) အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၈ ရက် ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၆၆,၃၅၅ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၁၀၅,၇၆၇ ဦးရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၃,၅၄၄,၈၇၉...
ဟနွိုင်း ၊ မတ် ၈ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် တစ်ခုကို ယနေ့ မတ် ၈ ရက်တွင် စတင်ခဲ့ပြီး မှတ်တမ်းအရ နိုင်ငံ၏ အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် ဖြစ်ကြောင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးအခုရေ သန်း...
ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ချက်ချင်းလိုအပ်မှုရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ထောက်ပံ့ပေးအပ်နေကြောင်း နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ကာကွယ်ဆေးများ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ်...