ဝါရှင်တန်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် ဧပြီလ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ စကားပြောဆိုခဲ့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့၌ ဧပြီ ၃ဝ ရက် ညပိုင်းက ဘီယာမူးနေသော သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေနတ်သမားမှာ ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း KFMB-ရုပ်သံက သတင်းဖော်ပြခဲ့သည်။
ပြုံယမ် ၊ မေ ၁ ရက် ၉(ဆင်ဟွာ) နျူကလီးယားပစ်ခတ်နိုင်ရန် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်နေခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုဖြစ်ပေါ်စေသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အမေရိကန် နိုင်ငံ မှ ၂၀၁၄ ခုနှစ် မှ စတင်၍ IS အစွန်းရောက် အဖွဲ့အစည်း ကို ဦးဆောင် တိုက်ခိုက်ချေမှုန်းသည့် စစ်ဆင်ရေး အတွင်း...
ဝါရှင်တန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်စစ်တပ် သည် အာဖဂန်နစ္စတန်နိုင်ငံ ရှိ IS စစ်သွေးကြွတို့၏ တည်နေရာတစ်ခုအပေါ် နျူကလီးယားမဟုတ်သည့် အကြီးမားဆုံး ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဧပြီ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၁၃ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအား ငွေကြေးလိုသလို ဆော့ကစားနေသည့် တိုင်းပြည်အဖြစ် တံဆိပ်မကပ်ကြောင်း နှင့် အမေရိကန်ဒေါ်လာသည် အလွန်တောင့်တင်းခိုင်မာမှုရှိကြောင်း ဧပြီလ ၁၂ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကို ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အငြင်းပွားမှုဖြစ်ပွားနေသော ကိစ္စရပ်များကို ဘေးဖယ်ထားပြီး နှစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်အတွက် ဆီးရီးယား ပဋိပက္ခအပေါ် ဆွေးနွေးမှုများဆက်လက်လုပ်ကိုင်သွားရန် နှင့် နိုင်ငံတကာအကြမ်းဖက်ဝါဒကို တိုက်ခိုက်ချေမှုန်းသွားရန် ဧပြီလ ၁၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
Pohang ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ Pohang ၌ ဧပြီလ ၁၁ ရက်က ပြုလုပ်ခဲ့သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပစိဖိတ်စစ်ဆင်ရေး(Operation Pacific) မြင်ကွင်း ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်သည်။ (Xinhua)
ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း ရှိ ကုန်တိုက်တစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သတင်းဋ္ဌာနတစ်ခုက ထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု U.S. Carl Vinson သည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ဦးတည်ခုတ်မောင်းလာနေကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်က ဧပြီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။