Connect with us

WORLD

COVID-19 ကြောင့် အမေရိကန်နိုင်ငံ၌ ပထမဆုံး သေဆုံးမှုမှာ ယခင်ဖော်ပြထားသည်ထက် စောခဲ့ကြောင်း အတည်ပြု

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် နှာခေါင်းစည်းဝတ်နှင့် အမျိုးသားတစ်ဦး ၎င်း၏ခွေးနှင့်အတူ လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာနယ်မြေတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် လူနှစ်ဦးသေဆုံးမှုသည် အမေရိကန်နိုင်ငံ၌ ၎င်းရောဂါဖြင့် ပထမဆုံးလူသေဆုံးကြောင်း ဖော်ပြခဲ့သည့်အချိန်ထက် ရက်များစွာစောခဲ့သည်ကို အတည်ပြုခဲ့ရသည်။

ဆန်တာကလာရာနယ်မြေ အရေးပေါ်အခြေအနေ ဆောင်ရွက်ရေးစင်တာမှ ဧပြီ ၂၁ ရက်က ထုတ်ပြန်လိုက်သည့် သတင်းထုတ်ပြန်ချက်အရ Medical Examiner-Corner အနေဖြင့် ဖေဖော်ဝါရီ ၆ ရက်နှင့် ၁၇ ရက်တို့တွင် နေအိမ်၌ သီးခြားစီသေဆုံးသွားခဲ့ကြသူနှစ်ဦးအား စစ်ဆေးမှုများတွင် ပါဝင်လုပ်ဆောင်ခဲ့ကြောင်းနှင့် ဧပြီ ၂၁ ရက်၌ အမေရိကန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC) က ၎င်းတို့နှစ်ဦးလုံးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသည်ဟူသော ရောဂါရှာဖွေမှု ရလဒ်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစောဆုံးလူသေဆုံးမှုသည် ဝါရှင်တန်ပြည်နယ် ကာ့ခ်လန်မြို့တွင် ဖေဖော်ဝါရီ ၂၉ ရက်က ဖြစ်ပွားခဲ့သည်ဟု ကနဦးက ယူဆထားခဲ့ကြသည်။အဆိုပါ ကြောက်မက်ဖွယ် ဗိုင်းရပ်စ်သည် ယခင်ကတွေးထင်ထားသည်ထက် သီတင်းပတ်များစွာကတည်းက အမေရိကန်နိုင်ငံအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်က ဆက်လက်ဖော်ပြထားသည်။“Medical Examiner-Corner က နယ်မြေတစ်ဝန်း သေဆုံးမှုတွေကို ဂရုတစိုက်နဲ့ ဆက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုတင်မျှော်မှန်းထားတဲ့ COVID-19 ကြောင့် အခြားသေဆုံးမှုတွေကိုလည်း ဖော်ထုတ်သွားမှာပါ” ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ဆန်တာကလာရာနယ်မြေတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။  (Xinhua)