Connect with us

CHINA

အမေရိကန် နိုင်ငံ အနေဖြင့် နိုင်ငံရေး ခြယ်လှယ်မှု ကို ရပ်တန့်ပြီး မိမိ နိုင်ငံ ကိစ္စရပ်ကိုသာ ကောင်းမွန်စွာ ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အစိုးရ အဖွဲ့ဝင် ၏ လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ အပေါ် ခေါင်းပုံချသည့် ပြောဆိုမှုများ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျင်း က အမေရိကန် နိုင်ငံ အနေဖြင့် နိုင်ငံရေး ခြယ်လှယ်ခြင်း ကို ရပ်တန့်ပြီး မိမိ နိုင်ငံ ကိစ္စရပ်ကိုသာ ကောင်းမွန်စွာ ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် မည်ကဲ့သို့ ကပ်ရောဂါ အား အမြန်ဆုံး တိုက်ဖျက်နိုင်ရန် နှင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာ စေမည့် အပေါ် အာရုံစိုက် သင့်ကြောင်း ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ တရုတ် နိုင်ငံ အနေဖြင့် ပွင့်လင်းမြင်သာ ပြီး တာဝန်ယူသည့် သဘောထားဖြင့် ဘက်ပေါင်းစုံသော ၊ အတင်းကျပ်ဆုံးသော ၊ အစွမ်းကုန်ဆုံးသော ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ကပ်ရောဂါ မပြန့်ပွားရန် အစွန်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ က ကပ်ရောဂါ နှင့် ပတ်သက်၍ ပြည့်ဝသည့် အချက်အလက် မရရှိခဲ့ဟု ဆိုပါက အဘယ့်ကြောင့် အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟို ဌာန အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် တွင်ပင် COVID-19 ရောဂါ နှင့် ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက် တွင် ဝူဟန့်မြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကို ပိတ်သိမ်းကြောင်း ကြေညာကာ ဝန်ထမ်းများ ကို ပြန်လည် ခေါ်ယူ ခဲ့ ပါသနည်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သတင်း အချက်အလက် မရရှိခဲ့ဟု ဆိုပါက အဘယ့်ကြောင့် ဖေဖော်ဝါရီ ၂ မှ စတင်၍ တရုတ် နိုင်ငံသား နှင့် လွန်ခဲ့သည့် ၁၄ ရက် အတွင်း တရုတ် နိုင်ငံ သို့ သွားရောက်ခဲ့သည့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါသနည်းဟုပြောကြားခဲ့ကာ အမေရိကန် နိုင်ငံ မှ တရုတ် နိုင်ငံ အား နာမည်ဖျက်နေခြင်း သည် ဖြစ်ရပ်မှန် ကို ဖုံးကွယ် နိုင်မည် မဟုတ်ဘဲ သူတစ်ပါးအား ခေါင်းပုံချခြင်းသည်လည်း ကပ်ရောဂါ ကို မောင်းထုတ် နိုင်မည် မဟုတ်သောကြောင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည်သာလျှင် မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ကျောက်လိကျင်း က ပြီးခဲ့သည့် ရက်အနည်းငယ်  အတွင်း အမေရိကန် နိုင်ငံ က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား ကပ်ရောဂါ နှင့် ပတ်သက်၍ သတင်း အချက်အလက် အချိန်မီ ပေးပို့ ခဲ့ခြင်း မရှိကြောင်း ပြစ်တင်ဝေဖန် ခဲ့ပြီး ယခုချိန်တွင်လည်း ကပ်ရောဂါ အရင်းအမြစ် နှင့် ပတ်သက်၍ လုပ်ကြံဖန်တီးမှုများ ပြုလုပ်ကာ ကပ်ရောဂါ အရင်းအမြစ် အား ဝူဟန့် ရောဂါပိုး သုတေသန ဌာန မှ ဖြစ်သည် ဟု လုပ်ကြံပုံဖော်နေကြောင်း ၊ အသိပညာရှိသူတိုင်းက အမေရိကန် နိုင်ငံ ၏ ရည်ရွယ်ချက် မှာ အာရုံးများ လွှဲပြောင်းစေပြီး တာဝန်ခေါင်းရှောင်ရန် ဆောင်ရွက်နေသည် ကို ချက်ချင်း သိရှိနိုင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရောဂါပိုး အရင်းအမြစ် သည် လေးနက် သည့် သိပ္ပံ ဆိုင်ရာ ကိစ္စရပ် ဖြစ်ပြီး သိပ္ပံနည်းပညာ နှင့် ပညာရှင် တို့ ၏ သဘောထား အား နားထောင် လေးစား ရမည် ကို အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)