လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ရုပ်အလောင်း ၁၄လောင်းကို ထပ်မံရှာတွေ့ခဲ့ပြီးနောက် သေဆုံးသူ ဦးရေသည် ၂၃ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခြင်းအား တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက နိုဝင်ဘာလ ၈ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံရန်လျာထားမှုက ကြီးမားသည့် အဓိပ္ပါယ်ရှိကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ်ပစ်ခတ်သူ နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင်...
ဝါရှင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် အရှေ့တောင်ပိုင်း Baltimore မြို့ ရှိ Amazon ၏ ဖြန့်ချိရေးဂိုဒေါင်တစ်ခု ၌ အဆောက်အဦးအစိတ်အပိုင်းတစ်ခု ပြိုကျရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၃ရက် တွင် ပြောကြားခဲ့သည်။
ပင်ဆူဗေးနီးယား ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားမှ အမျိုးသားတစ်ဦးသည် Pittsburgh မြို့တွင် အောက်တိုဘာ ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးခဲ့ရပြီး အခြား ၆ ဦး ထိခိုက်ဒဏ်ရာရ သွားကြောင်းသိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရှေ့နေချုပ် Jeff Sessions က ဖလော်ရီဒါပြည်နယ်မှ ပါဆယ်ဗုံးတရားခံဖြစ်သူ Cesar Sayoc အား FBI တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သီးခြားပြစ်မှု ၅ခုဖြင့် စွဲချက်တင်ထားကြောင်း အောက်တိုဘာ ၂၆ ရက်ကပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ၂၄ ရက်(ဆင်ဟွာ) ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရန့်တို့သည် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ အကြံပေး Yuri Ushakov က အောက်တိုဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) အလယ်အမေရိကတိုက် နိုင်ငံများဖြစ်သည့် ဟွန်ဒူးရပ်စ်(Honduras)၊ကွတီမာလာက (Guatemala) နှင့် အယ်လ်ဆာဗေးဒိုး(Salvador)နိုင်ငံများက အမေရိကန်သို့ ၎င်းနိုင်ငံများမှ ရွှေ့ပြောင်းသည့် လူထု အား မတားဆီးနိုင်သည့်အတွက် အဆိုပါနိုင်ငံသုံးနိုင်ငံသို့ကူညီထောက်ပံ့မှုများကို လျှော့ချ ရပ်ဆိုင်းမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရန့်က အောက်တိုဘာ...
မော်စကို ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်ချုပ်ဆိုထားသော သမိုင်းဝင် တာလတ်ပစ်နျူကလီးယားလက်နက်များသဘောတူညီမှုစာချုပ်(INF) မှ နုတ်ထွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်အပေါ် ရုရှားနိုင်ငံက စိုးရိမ်ပူပန်မိကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။