Connect with us

North America

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံး ၂ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံရှိ လုံခြုံရေးရဲတပ်ဖွဲ့များအား တွေ့ရစဉ် (ဆင်ဟွာ)

ချီကာဂို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် စက်တင်ဘာ ၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုသည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ချီကာဂိုမြို့အနောက်ပိုင်းအမှတ် ၂၁ လမ်းမ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားသည် ကားတစ်စီးအတွင်းမှ နေ၍ အခြားတစ်ဖက်တွင် မောင်းနှင်နေသည့်မော်တော်ယာဉ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ချီကာဂို ရဲတပ်ဖွဲ့က မီဒီယာများကို ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော ယာဉ်အတွင်းရှိ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၁ ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းကျည်ဆန်ထိမှန်ထားရာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ လက်ရှိတွင် သေနတ်ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ရာ ပြစ်မှုကျူးလွန်သူ သေနတ်သမားကို ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။ ဂိုဏ်းအဖွဲ့ခွဲများအကြား ရန်ငြိုးဖွဲ့သတ်ဖြတ်မှုများကြောင့် ချီကာဂိုမြို့၏လုံခြုံရေးအခြေအနေသည် နှစ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်ပွားခဲ့ရာ သေနတ်ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)