Connect with us

North America

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဈေးဝယ်စင်တာတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ Market Basket ဈေးဝယ်စင်တာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားမှုအပေါ် ဆောင်ရွက်ခဲ့ကြောင်း မက်ဆာချူးဆက်ပြည်နယ် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၅ ရက်က ပြောကြားခဲ့သည်။

Market Basket ဈေးဝယ်စင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဓာတ်ငွေ့ယိုစိမ့်မှုအား သတင်းရရှိခဲ့ကြောင်း၊ အဆိုပါ အခြေအနေအား ပြည်နယ်ရှိ အန္တရာယ်ရှိသော-ပစ္စည်းများ တုံ့ပြန်ရေးအဖွဲ့နှင့် အရေးပေါ် ကျန်းမာရေးအဖွဲ့များနှင့်အတူ ထိန်းချုပ်နိုင်ခဲ့ကြောင်း Rowley ရဲဌာနက ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် “ပြည်သူများစွာ” ထိခိုက်ခဲ့သော်လည်း အကျိုးသက်ရောက်မှုကြောင့် စိုးရိမ်ရမှုအား ရှင်းလင်းစွာ မသိရသေးကြာင်း ပြည်နယ် Fire Marshal ရုံးအား ကိုးကား၍ ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

Rowley မြို့သည် ဘော့စ်တန်မြို့မှ မြောက်ဘက် ၅၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ (Xinhua)