China
အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်၍ ပြည်ပရောက် တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံမှုနှင့် တရားဝင် အခွင့်အရေး၊ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို
![](https://xinhuamyanmar.com/wp-content/uploads/2025/02/6c01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
လတ်တလောကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားသည့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ ဆိုးရွားသောအမှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက လွန်စွာဂရုပြုပြီး သက်ဆိုင်ရာနိုင်ငံများနှင့် နီးကပ်စွာချိတ်ဆက်ကာ အတူတကွတိုက်ဖျက်ရေး နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဖေဖော်ဝါရီလ ၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သက်ဆိုင်ရာနိုင်ငံများက အားကောင်းသောအစီအမံများ လုပ်ဆောင်ခြင်းကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံ စသည့် သက်ဆိုင်ရာနိုင်ငံများနှင့် အတူတကွကြိုးပမ်း၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်၍ ပြည်ပရောက် တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံမှုနှင့် တရားဝင် အခွင့်အရေး၊ အကျိုးစီးပွားကို ကာကွယ်သွားကာ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ ပုံမှန်ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
中国外交部:坚决打击网赌电诈,维护海外中国公民安全和合法权益
新华社北京2月5日电(记者成欣、曹嘉玥)
中国外交部发言人林剑5日在例行记者会上表示,关于近期在泰缅边境一带发生的涉跨境电信诈骗恶性案件,中方高度重视并密集做有关国家工作,协商共同打击之策。中方对相关国家采取强有力措施表示欢迎,愿同泰国等相关国家共同努力,加强执法合作,坚决打击网赌电诈,维护海外中国公民的安全和合法权益,维护中国与有关国家正常人员交往秩序。(完)