Connect with us

International Organizations

ခြေထောက်ကျိုးသွား၍ ခွဲစိတ်မှုခံယူပြီးနောက် အိုင်တာနာ ဘွန်မာတီ ငါးလကြာ အနားယူရမည်

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်ရှိ Theatre du Chatelet ကဇာတ်ရုံ၌ ဘလွန်းဒီအော (အမျိုးသမီး) ဆုအား လက်ခံရယူနေသည့် ဘာစီလိုနာအသင်းမှ အိုတာနာ ဘွန်မာတီကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

စပိန်အမျိုးသမီးဘောလုံးသမား အိုင်တာနာ ဘွန်မာတီသည် ၎င်း၏ ကျိုးသွားသော ဝဲဘက်ခြေထောက်အတွက် ဒီဇင်ဘာ ၂ ရက်က ခွဲစိတ်ကုသမှုခံယူပြီးနောက် ငါးလခန့် အနားယူရမည်ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် အဆိုပါကစားသမား အိုင်တာနာအား ဘာစီလိုနာအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ဘာစီလိုနာမြို့၌ ဒေါက်တာ Antoni Dalmau မှ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ကြောင်း ကလပ်အသင်းက ထုတ်ပြန်ခဲ့သည်။

အိုင်တာနာသည် ဂျာမနီအသင်းနှင့် ဒီဇင်ဘာ ၂ ရက်၌ ယှဉ်ပြိုင်ကစားရမည့် UEFA Nations League ဗိုလ်လုပွဲ ဒုတိယအကျော့မတိုင်မီ နိုင်ဝင်ဘာ ၃၀ ရက်က စပိန်အသင်းနှင့်အတူ လေ့ကျင့်နေစဉ် ခြေထောက်ကျိုးသွားခဲ့ခြင်းဖြစ်သည်။
ခန့်မှန်းထားသည့်အတိုင်း ပြန်လည်ကောင်းမွန်လာပါက အိုင်တာနာသည် မေ ၂၃ ရက်တွင် နော်ဝေနိုင်ငံ မြို့တော်အော်စလို၌ ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
Five months out for Aitana Bonmati after operation on broken leg
MADRID, Dec. 2 (Xinhua) — Aitana Bonmati will be out of action for around five months after having an operation on her broken left leg on Tuesday.
The 27-year-old was operated on by Dr Antoni Dalmau in Barcelona under the supervision of the FC Barcelona medical services, the club informed.
Aitana broke her leg while training with the Spain national team on Sunday ahead of Tuesday’s return leg in the UEFA Nations League final against Germany.
If she does recover in the expected schedule, Aitana would be fit to play in the Champions League final on May 23rd in Oslo if her club is able to qualify again. ■
English Caption
FC Barcelona’s Aitana Bonmati receives the women’s Ballon d’Or award at the Theatre du Chatelet in Paris, France on Oct. 30, 2023. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.