Connect with us

Africa & Middle East

စေ့စပ်ညှိနှိုင်းရန် အစီအစဉ်မရှိသေး၊ သန့်စင်ပြီး ယူရေနီယံများကို လွှဲအပ်ပေးမည်မဟုတ် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

အီရန်နိုင်ငံ တီဟီရန်မြို့တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီအား ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

လက်ရှိတွင် အမေရိကန်နှင့် ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းရန် အစီအစဉ် မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ 

အီရန်အနေဖြင့် မိမိနိုင်ငံ အကျိုးစီးပွားကို ဦးစားပေး စဉ်းစားသွားမည်ဖြစ်ပြီး ဆက်လက်၍ စေ့စပ်ညှိနှိုင်းသွားမည်၊ မသွားမည်နှင့် စပ်လျဉ်း၍ သင့်လျော်စွာ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဘဂါအီက အမေရိကန်သည် လက်ဘနွန် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ အီရန် ပင်လယ်ရေကြောင်း ပိတ်ဆို့ရုံသာမက အီရန်ကုန်တင်သင်္ဘောကိုပါ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များသည် ကုလသမဂ္ဂ သတ်မှတ်ထားသော “ကျူးကျော်မှု လုပ်ရပ်” များ

နှင့် ကိုက်ညီမှုရှိရာ အမေရိကန် ကြံဆမှုများအပေါ် အီရန်ပြည်သူများက သံသယရှိမှုကို ပိုမိုပြင်းထန်စေခဲ့ကြောင်း၊ “တကယ်လို့ အမေရိကန်နဲ့ အစ္စရေးက အရဲစွန့်လုပ်မယ်ဆိုရင် အီရန်အနေနဲ့ အစွမ်းကုန် တန်ပြန်တိုက်ခိုက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ် စေ့စပ်ညှိနှိုင်းမှုအတွင်း အပြန်အလှန် အဆိုပြုချက်များကို အခြေခံ၍ အီရန်-အမေရိကန် နှစ်ဖက်လုံးက အစီအစဉ်များကို ပြုပြင်ခဲ့ပြီး အီရန်သည် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir ၏ အီရန်ခရီးစဉ်အတွင်း အမေရိကန်ဘက် အစီအစဉ်များကို စိစစ်ခဲ့ကြောင်း၊ အီရန်၏ ရပ်တည်ချက်မှာ အစဉ်အမြဲ ရှင်းလင်းပြတ်သားမှုရှိသော်လည်း အမေရိကန်ဘက် ရပ်တည်ချက်မှာ တသတ်မတ်တည်းမရှိဘဲ တောင်းဆိုချက်များကို အဆက်မပြတ် ပြောင်းလဲခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

အီရန်သည် မိမိ၏ တောင်းဆိုချက်နှင့် နောက်ဆုံးမျဉ်းကို ရှင်းရှင်းလင်းလင်း နားလည်ပြီး အချို့ကိစ္စရပ်များကို လက်ခံ၍ မရနိုင်ကြောင်း အစကတည်းကပင် အတိအလင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုခဲ့သည်။ 

အီရန်မှ သန့်စင်ပြီး ယူရေနီယံကို ဖယ်ရှားခြင်းသည် စေ့စပ်ညှိနှိုင်းမှု ရွေးချယ်စရာအနေဖြင့် ဘယ်သောအခါကမျှ မဟုတ်ခဲ့ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယားဆိုင်ရာ အောင်မြင်မှုများကို အီရန် နယ်နိမိတ်အတွင်း ထိန်းသိမ်းထားရန် အခိုင်အမာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘဂါအီက ပြောကြားခဲ့သည်။ (Xinhua)

………………………………

(Chinese Version)

伊朗外交部:暂无谈判计划 不会交出浓缩铀新华社德黑兰4月20日电 伊朗外交部发言人巴加埃20日说,目前暂无与美国进行第二轮谈判的计划。伊朗将优先考虑自身国家利益,就是否继续进行谈判作出适当决定。

巴加埃说,美国违反黎巴嫩停火协议、封锁伊朗海上航线乃至袭击伊朗商船,这些行为显然符合联合国定义的“侵略行为”,加剧了伊朗人民对美国意图的怀疑,“如果美国和以色列胆敢冒险,伊朗将全力反击”。   他表示,伊美双方均根据对方在伊斯兰堡谈判中的提议提出改进方案,伊方在巴基斯坦陆军参谋长穆尼尔访伊期间对美方方案进行审议。伊方立场一直很明确,但美方立场摇摆不定,不断改变诉求。伊方清楚自身诉求和底线,从一开始就明确表示,有些问题无法接受。   巴加埃说,从伊朗移除浓缩铀从来都不是谈判选项,伊朗方面坚定将核成果留在伊朗境内。(完)图说:4月6日,在伊朗首都德黑兰,伊朗外交部新闻发言人巴加埃出席新闻发布会。新华社记者 沙达提 摄