China
စစ်ဝါဒ အရိပ်မည်း ပြန်လည်အသက်သွင်းမှုအား တားဆီးခြင်းက ဂျပန် ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းအားထုတ်မှုသည် ဂျပန်နိုင်ငံ ပြည်တွင်း၊ အာရှတိုက် အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမိုများပြားသော သံသယဝင်မှုနှင့် ကန့်ကွက်မှုများ ဖြစ်ပေါ်စေခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဝါဒ အရိပ်မည်း ပြန်လည်အသက်သွင်းမှုအား တားဆီးခြင်းသည် ဂျပန်က ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခိုင်မြဲသောစိတ်ဓာတ်လည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ဂျပန်ပြည်သူ ၃၆,၀၀၀ သည် ဧပြီ ၁၉ ရက် ညနေပိုင်းက ဂျပန်နိုင်ငံလွှတ်တော်အနီးတစ်ဝိုက်၌ စုဝေးပြီး ဆာနာအဲ တာကာအိချိအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုသည့်ကြံစည်ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသူများက “စစ်ပွဲကို ကန့်ကွက်သည်”၊ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၉ အား ဖျက်ဆီးခွင့်မပြု” ၊ “ဆာနာအဲ တာကာအိချိ ရာထူးမှ နုတ်ထွက်ပေး” စသည့် ဆန္ဒပြစာသားများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန် တိုက်တွန်းခဲ့ကြကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
မိမိတို့အနေဖြင့်လည်း ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းအားထုတ်မှုသည် ဂျပန်နိုင်ငံပြည်တွင်း၊ အာရှတိုက် အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမိုများပြားသော သံသယဝင်မှုနှင့် ကန့်ကွက်မှုများ ဖြစ်ပေါ်စေခဲ့သည်ကို မိမိတို့လည်း သတိပြုမိကြောင်း၊ ဂျပန်စစ်ဝါဒသည် တရုတ်နိုင်ငံနှင့် အာရှတိုက်နိုင်ငံအသီးသီးမှ ပြည်သူများအပေါ် ရက်စက်သောပြစ်မှုကျူးလွန်ခဲ့ဖူးသလို ဂျပန်ပြည်သူများအတွက်လည်း နက်ရှိုင်းသောကပ်ဘေးများ သယ်ဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့်ပင် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု အရေးကိစ္စသည် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်၊ ဂျပန်နိုင်ငံ၏လားရာနှင့် သက်ဆိုင်နေရာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အာရှတိုက်အိမ်နီးချင်းနိုင်ငံများ၏ များစွာ ဂရုပြုခြင်းခံနေရကြောင်း၊ သို့သော် ဂျပန်ဘက်က ယနေ့တိုင် ကျူးကျော်မှုသမိုင်းကို လေးလေးနက်နက် အပြည့်အဝ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းမရှိသေးဘဲ အချို့သောအင်အားစုများက ကျူးကျော်သည့်ပြစ်မှုကို တန်ဆာဆင် ပြောင်းပြန်လှန်ရန် ကြိုးပမ်းပြီး ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းမှု” ကို အရှိန်မြှင့်ရန် တွန်းအားပေးနေကြောင်း၊ ထို့ကြောင့် “စစ်ဝါဒအသွင်သစ်” သည် အင်အားကြီးထွားလာပြီး အန္တရာယ်ဖြစ်ကာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအပေါ် များစွာသတိထားသင့်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“စစ်ဝါဒ အရိပ်မည်း ပြန်လည်အသက်သွင်းမှုကို တားဆီးခြင်းဟာ ဂျပန်က ထမ်းဆောင်သင့်တဲ့ တာဝန်ဖြစ်သလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မြဲတဲ့စိတ်ဓာတ်လည်း ဖြစ်ပါတယ်။
ဂျပန်အနေနဲ့ သမိုင်းသင်ခန်းစာယူကာ နိုင်ငံတကာတာဝန်ဝတ္တရားကို လိုက်နာပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
外交部:防止军国主义阴魂复活是日本应尽的义务新华社北京
4月20日电(记者万倩仪、董雪)外交部发言人郭嘉昆20日表示,日本修宪动向在日本国内、亚洲邻国和国际社会已引起越来越多的质疑和反对。防止军国主义阴魂复活,是日本应尽的义务,也是包括中国在内国际社会的坚定意志。
当日例行记者会上,有记者问:3.6万日本民众19日下午在日本国会周围集会,强烈抗议高市早苗政府的修宪企图,抗议者们手举写有“反对战争”“不许破坏宪法第九条”“高市下台”等字样的标语,呼吁守护和平宪法。发言人对此有何评论? 郭嘉昆表示,我们也注意到日本修宪动向在日本国内、亚洲邻国和国际社会已引起越来越多的质疑和反对。日本军国主义曾对中国和亚洲各国人民犯下残暴罪行,也给日本人民带来深重灾难。正因如此,日本修宪问题事关战后国际秩序和日本走向,一直受到国际社会和亚洲邻国高度关注。然而,日方至今未能深刻彻底反思侵略历史,一些势力还妄图美化、洗白侵略罪行,推动日本加速“再军事化”,导致“新型军国主义”成势为患,威胁地区和平稳定。国际社会对此应当高度警惕。 “防止军国主义阴魂复活,是日本应尽的义务,也是包括中国在内国际社会的坚定意志。我们敦促日方汲取历史教训,恪守国际义务,坚持走和平发展道路。”郭嘉昆说。(完)
