မြန်မာ-中文
တရုတ်နိုင်ငံ ချန်းထန် “လူသူကင်းမဲ့ဇုန်” အတွင်းပိုင်းမှ ဂေဟစနစ် စောင့်ရှောက်သူများ
လားဆ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ချန်းထန် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ မြောက်ပိုင်း၌ တည်ရှိသည်။
ထိုနေရာသည် ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် မီတာ ၄,၅၀၀ ကျော်ရှိပြီး ရှီးဇန့်ဒရယ်ငယ်၊ တောရိုင်းစာမရီနွား၊ ရှီးဇန့်တောမြည်း၊ နှင်းကျားသစ် စသည့် အဖိုးတန်ရှားပါးတိရစ္ဆာန် အမျိုးအစားများစွာ ကျက်စားနေထိုင်လျက်ရှိသည်။ ၎င်းအနက် တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန် အမျိုးအစား ၁၀ မျိုးပါဝင်ပြီး အမျိုးသား ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန် အမျိုးအစား ၂၁ မျိုးပါဝင်ကာ ယင်းနေရာကို “တောရိုင်းတိရစ္ဆာန်များ၏ ဗိမာန်ဥယျာဉ်” ဟုပင် တင်စားခေါ်ဝေါ်ခံရသည်။
၂၀၁၅ ခုနှစ်မှစ၍ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ချန်းထန်၌ တောရိုင်းတိရစ္ဆာန် စီမံစောင့်ရှောက်ရေးစခန်း ၇၃ ခု ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် တောရိုင်းတိရစ္ဆာန် အထူးစောင့်ရှောက်ရေးဝန်ထမ်း စုစုပေါင်း ၇၈၀ ဦးရှိကြောင်းသိရသည်။စောင့်ရှောက်ရေးဝန်ထမ်းများသည် ပုံမှန်ကင်းလှည့်ရန်လိုအပ်ပြီး တောရိုင်းတိရစ္ဆာန်များ၏ အခြေအနေကို ပိုင်ပိုင်နိုင်နိုင်သိရှိခြင်း၊ တရားမဝင်အမဲလိုက်ခြင်းနှင့် တရားမဝင်ကျော်ဖြတ်သောလှုပ်ရှားမှုများအား ကြိုတင်ကာကွယ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူနှင့် မွေးမြူရေးတိရစ္ဆာန်များအား တိုက်ခိုက်မှုဖြစ်ရပ်ကို စီမံခြင်း စသည်တို့ လုပ်ဆောင်ရသည်။
၎င်းတို့သည် “လူသူကင်းမဲ့ဇုန်” ၏ လမ်းကြောင်းများကို ကျွမ်းကျွမ်းကျင်ကျင်ရှိပြီး တောရိုင်းတိရစ္ဆာန်များ၏ အလေ့အကျင့်များကိုလည်း အကျွမ်းတဝင်သိရှိသဖြင့် ၎င်းတို့မှာ “လူသူကင်းမဲ့ဇုန်” အတွင်းပိုင်းမှ ဂေဟစနစ် စောင့်ရှောက်သူများပင်ဖြစ်သည်။“၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း ချန်းထန် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် နီမာခရိုင် ဖျန့်ချွီးဒေသအတွင်းရှိ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် အဖိုးတန်တိရစ္ဆာန်မျိုးစိတ်အရေအတွက် တည်ငြိမ်စွာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ရှီးဇန့်ဒရယ်ငယ် အရေအတွက်သည် တည်ငြိမ်စွာတိုးတက်လာပြီး အကောင်ရေ ၂၀၀,၀၀၀ ကျော်ရှိလာပြီဖြစ်သလို နှင်းကျားသစ်၊ တောရိုင်းစာမရီနွား၊ အာဂါလီ (Argali) တောင်ပေါ်သိုး စသည့် အဖိုးတန်မျိုးစိတ်များ လှုပ်ရှားသွားလာမှုသည်လည်း တစ်နေ့တခြားတိုးပွားလာရာ အချို့သောမျိုးစိတ်များ၏ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်အဆင့်ကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့ကြောင်း နာ့ချွီမြို့ နီမာခရိုင် သစ်တောနှင့်မြက်ခင်းပြင်ဦးစီးဌာန ဝန်ထမ်းများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် နာ့ချွီဒေသ စီမံခန့်ခွဲရေးဌာန တောရိုင်းတိရစ္ဆာန် အထူးစောင့်ရှောက်ရေးဝန်ထမ်းများက နှင်းတောင်ရှေ့တွင် ဒေသအခြေအနေအား လေ့လာစစ်ဆေးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် နာ့ချွီဒေသ စီမံခန့်ခွဲရေးဌာန တောရိုင်းတိရစ္ဆာန် အထူးစောင့်ရှောက်ရေးဝန်ထမ်း လော်ပု (ဝဲဘက်) နှင့် လုပ်ဖော်ကိုင်ဖက်က လက်ခံမွေးမြူထားသော တောရိုင်း စာမရီနွားလေးအား နို့တိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
图片故事丨羌塘“无人区”深处的生态卫士新华社照片,拉萨,
2026年4月20日 羌塘国家级自然保护区地处藏北,这里平均海拔超过4500米,栖息着藏羚羊、野牦牛、藏野驴、雪豹等多种珍稀动物,其中国家一级保护野生动物10种,国家二级保护野生动物21种,被誉为“野生动物的乐园”。 自2015年起,西藏自治区先后在羌塘建立了73个野生动物管护站,目前共有780名野生动物专业管护员。 管护员们需要定期巡逻,掌握野生动物情况、防范盗猎和非法穿越活动、处置野生动物侵害牧民和牲畜的事件……他们对“无人区”的道路了如指掌,对野生动物的习性如数家珍,他们是“无人区”深处的生态卫士。 据那曲市尼玛县林业和草原局工作人员介绍,“十四五”期间,羌塘国家级自然保护区尼玛县片区境内的珍稀濒危物种种群数量稳步回升,藏羚羊种群数量稳步突破20万只,雪豹、野牦牛、盘羊等珍稀物种活动踪迹日益频繁,部分物种濒危等级成功下调。 1、2025年8月27日拍摄的羌塘国家级自然保护区那曲地区管理局尼玛县玛依管护站野生动物专业管护队员罗布与站里收养的藏羚羊幼崽。 新华社发2、4月9日,羌塘国家级自然保护区那曲地区管理局野生动物专业管护员们在雪山前观察地势。新华社记者 姜帆 摄3、4月8日,羌塘国家级自然保护区那曲地区管理局野生动物专业管护员罗布(左)和同事在给收养的小野牦牛喂奶。新华社记者 姜帆 摄
