North America
ထရမ့်အနေဖြင့် အမေရိကန်-အီရန် အပစ်ရပ်ရေးကို သတ်တမ်းတိုးရန် အစီအစဉ်မရှိဟု အမေရိကန်မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်အနေဖြင့် ဧပြီ ၂၂ ရက် ညပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် အမေရိကန်-အီရန် အပစ်ရပ်မှုကာလကို သက်တမ်းတိုးရန် အစီအစဉ်မရှိကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အမေရိကန် The Wall Street Journal ၏ ဧပြီ ၂၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အီရန်က ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ကျင်းပမည့် ဆွေးနွေးညှိနှိုင်းမှုသို့ တက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်မည်၊ မစေလွှတ်မည်နှင့် စပ်လျဉ်း၍ တရားဝင်အတည်ပြုခြင်း မရှိသေးသော်လည်း အီရန်ဘက်က ဧပြီ ၂၁ ရက်တွင် ဆွေးနွေးညှိနှိုင်းရန် အဖွဲ့တစ်ဖွဲ့စေလွှတ်မည်ဟု ဒေသတွင်းညှိနှိုင်းပေးသူထံ အသိပေးပြီးဖြစ်ကြောင်း သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။
ထရမ့်က ဧပြီ ၂၀ ရက်တွင် အမေရိကန်မီဒီယာ၏ ဖုန်းဖြင့်မေးမြန်းမှုကို ဖြေကြားရာ၌ အီရန်အနေဖြင့် “ဆွေးနွေးညှိနှိုင်းပါလိမ့်မယ်” ၊ “သူတို့က ဆွေးနွေးညှိနှိုင်းပါလိမ့်မယ်၊ ဆွေးနွေးညှိနှိုင်းမှုမလုပ်ရင် သူတို့က မကြုံခဲ့ဖူးတဲ့ပြဿနာကို တွေ့မြင်ရပါလိမ့်မယ်” ဟု အခိုင်အမာပြောကြားခဲ့သည်။
အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဧပြီ ၂၀ ရက် သတင်းဖော်ပြချက်အရ အမေရိကန် ဒုတိယသမ္မတ JD Vance သည် ခန့်မှန်းခြေ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၂၁ ရက် နံနက်ပိုင်း (ပေကျင်းစံတော်ချိန် ဧပြီ ၂၁ ရက် ညပိုင်း) တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့သို့ စတင်ထွက်ခွာမည်ဖြစ်ပြီး အီရန်နှင့် ဆွေးနွေးညှိနှိုင်းမည်ဟု သိရသည်။ အီရန်ထိပ်တန်းခေါင်းဆောင် မို့ချ်တာဘာ ခါမေနီအနေဖြင့် အမေရိကန်ဘက်နှင့် ဆွေးနွေးညှိနှိုင်းရန် ခွင့်ပြုပြီးဖြစ်သည်ဟုလည်း သတင်းတွင် ဆိုထားသည်။
သို့သော် အီရန်ဘက်ကမူ အမေရိကန်-အီရန်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန် ပါကစ္စတန်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်၊ မစေလွှတ်မည်ကို အတည်ပြုခြင်းမရှိသေးပေ။ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီသည် ဧပြီ ၂၀ ရက်တွင် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက်ဒါနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အီရန်အနေဖြင့် ဘက်အသီးသီးအကြောင်းအချက်များကို အထွေထွေသုံးသပ်ပြီးနောက် နောက်တစ်ဆင့်လှုပ်ရှားမှုဦးတည်ချက်အား ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ထရမ့်သည် ပိတ်ဆို့ခြင်းနှင့် အပစ်ရပ်သဘောတူညီချက် ချိုးဖောက်ခြင်းမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းကို “အညံ့ခံမှုစကားဝိုင်း” အဖြစ် ပြောင်းလဲခြင်း သို့မဟုတ် စစ်ပွဲအား ထပ်မံလှုံ့ဆော်မှုအတွက် အကြောင်းပြချက်ရှာဖွေရန် ကြိုးပမ်းနေကြောင်း၊ သို့သော် အီရန်ဘက်က အကျပ်ကိုင်မှုအား လက်ခံမည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美媒:特朗普不打算延长美伊停火期限
新华社华盛顿4月21日电 据美国《华尔街日报》21日报道,一位白宫官员表示,美国总统特朗普不打算延长22日晚到期的美伊停火期限。 报道援引知情人士消息说,虽然伊朗尚未公开确认是否会派代表参加在伊斯兰堡举行的谈判,但伊方已告知地区调解人,将于21日派一个团队进行谈判。 特朗普20日在接受美国媒体电话采访时坚称,伊朗“将会谈判”。“他们将会谈判,如果不谈判,他们会看到前所未见的问题。” 据美国阿克西奥斯新闻网站20日报道,美国副总统万斯预计美国东部时间21日上午(北京时间21日晚)启程前往伊斯兰堡同伊朗进行谈判。报道还称,伊朗最高领袖穆杰塔巴·哈梅内伊已批准同美方进行谈判。 不过,伊朗方面尚未确认将派代表团赴巴基斯坦举行美伊谈判。伊朗外交部20日发表声明说,伊朗外交部长阿拉格齐当天与巴基斯坦副总理兼外长达尔通电话,表示伊朗将综合评估各方面因素,决定下一步行动方向。伊朗伊斯兰议会议长卡利巴夫21日凌晨在社交媒体上发文强调,特朗普试图通过封锁和违反停火协议,将谈判桌变成“投降桌”或为再度煽动战争寻找借口,但伊朗不接受胁迫。(完)图说:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
