Connect with us

Agriculture

နွေဦးတောင်တန်း၏ သီးနှံအထွက်တိုးမိုးရာသီ အကြိုကာလတွင် မြူနှင်းများကြားက လက်ဖက်ညွန့်နုလေးများ ဆွတ်ခူးရန် အလုပ်များလျက်ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အယ် (ဟားနီလူမျိုး၊ ယီလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နင်အယ်မြို့နယ် ပန်ဟိုင်ကျေးရွာတွင် လက်ဖက်ခူးနေကြသော လက်ဖက်စိုက်တောင်သူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

“စိမ်းစိုသော နွေဦးတောင်တန်း၏ သီးနှံအထွက်တိုးသောမိုးရာသီ အကြိုကာလတွင် လူအများသည် မြူနှင်းများကြားက လက်ဖက်ညွန့်နုလေးများကို ဆွတ်ခူးရန် အလုပ်များနေကြပေသည်။”
၎င်းမှာ ထန်မင်းဆက်ခေတ် ကဗျာဆရာ ချီကျီ ရေးသားဖော်ပြခဲ့သည့် သီးနှံအထွက်တိုး‌သောမိုးရာသီ လက်ဖက်ခူးသည့် ပုံရိပ်ပင်ဖြစ်သည်။ သီးနှံအထွက်တိုး
သောမိုးရာသီသည် လက်ဖက်ဆွတ်ခူးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ဒေသအသီးသီးရှိ လက်ဖက်စိုက်တောင်သူများသည် လက်ဖက်ဆွတ်ခူးရန်၊ လက်ဖက်ခြောက်ပြုလုပ်ရန် အလုပ်များလျက်ရှိကြသည်။ ထိုအချိန် လက်ဖက်ရွက်များသည် မြစိမ်းရောင် ရှိပြီး အရွက်သား နူးညံ့သဖြင့် နွေဦးလက်ဖက်များထဲတွင် အရည်အသွေးကောင်းမွန်သော လက်ဖက်များ ဖြစ်ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ထိန်ချုံးခရိုင်အဆင့်မြို့ ထွမ်ထျန်ကျေးရွာစု တာ့ဖိန်ဆန်ဂေဟစနစ် လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြသော လက်ဖက်စိုက်တောင်သူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
诗意中国丨春山谷雨前 并手摘芳烟(1)
新华社照片,北京,2026年4月20日
“春山谷雨前,并手摘芳烟。”这是唐代诗人齐己描述的谷雨采茶情景。 谷雨时节,正是采茶好时节,各地茶农忙着采茶制茶,此时的茶叶色泽翠绿,叶质柔软,是春茶中的佳品。
图说1:4月20日,茶农在云南省普洱市宁洱哈尼族彝族自治县宁洱镇般海村采茶(无人机照片)。 新华社发(杨廷荣摄)
图说2:4月20日,茶农在云南省保山市腾冲市团田乡大坪山生态茶园采茶。新华社发(龚祖金摄)