Connect with us

China

ဝမ်ရိနှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun Sisoulith ၏ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ အထူးခရီးစဉ်ရောက်ရှိနေသော LPRP ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith တို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun Sisoulith ၏ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ အထူးခရီးစဉ်ရောက်ရှိနေသော LPRP ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့ ရရှိထားသော အရေးပါသည့် သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေးကို ထိန်းသိမ်းထားရန်၊ မဟာဗျူဟာ ဆွေးနွေးမှုများ အားကောင်းစေရန်၊ ရေရှည်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ကိုယ်စီ၏ နိုင်ငံရေး လုံခြုံမှု၊ အစိုးရအာဏာ လုံခြုံမှု၊ စနစ် လုံခြုံမှုတို့ကို ထိန်းသိမ်းရန်၊ ကမ္ဘာ့ဆိုရှယ်လစ်ဝါဒလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးအတွက် အကျိုးသစ်များ ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Saleumxay ကပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တို့၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှု အသီးအပွင့်များ ကြွယ်ဝလာကြောင်း၊ လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပိုမိုအဆင့်မြင့်မားသော လာအို-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
王毅会见老挝常务副总理沙伦赛
新华社北京4月21日电(记者万倩仪)中共中央政治局委员、外交部长王毅21日在北京会见作为老挝人民革命党中央总书记、国家主席通伦特使专程来访的老挝人革党中央政治局委员、常务副总理沙伦赛。
王毅表示,中方愿同老方落实好两党两国最高领导人重要共识,保持高层交往,加强战略沟通,深化长期合作,维护各自政治安全、政权安全和制度安全,促进世界社会主义事业发展,也为地区和平稳定与发展繁荣作出新贡献。
沙伦赛表示,在两党两国最高领导人战略引领下,老中合作成果丰硕。老方愿同中方打造更高水平的老中命运共同体。(完)
图说:4月21日,中共中央政治局委员、外交部长王毅在北京会见作为老挝人民革命党中央总书记、国家主席通伦特使专程来访的老挝人革党中央政治局委员、常务副总理沙伦赛。 新华社记者 金良快 摄