Connect with us

International Organizations

အမေရိကန်-အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ လမ်းမတစ်နေရာမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်နှင့် လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် ကုလသမဂ္ဂအနေဖြင့် မျှော်လင့်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
“အမေရိကန်နိုင်ငံနဲ့ အီရန်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သက်တမ်းတိုးဖို့နဲ့ သံတမန်ရေးနည်းလမ်းကို အပြည့်အဝ အကောင်အထည်ဖော်ဖို့က ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားခဲ့သည်။
ဂူတာရက်စ်နှင့် အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ယင်းပဋိပက္ခ၏အကျိုးဆက်များဆိုင်ရာ ၎င်း၏ကိုယ်ရေးသံတမန် ဂျင်းအာနော့တို့က ဆက်သွယ်မှုပုံစံအမျိုးမျိုးဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သီတင်းပတ်နှစ်ပတ်ကြာ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးမှာ ဧပြီ ၂၂ ရက်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
UN voices hope for U.S.-Iran talks resumption
UNITED NATIONS, April 21 (Xinhua) — The United Nations hopes for the resumption of talks between the United States and Iran and the extension of the current ceasefire, a UN spokesman said Tuesday.
“Our firm hope is that the dialogue between the United States and the Islamic Republic of Iran will resume, that the ceasefire will be extended, and that diplomacy will be fully enacted,” said Stephane Dujarric, spokesman for UN Secretary-General Antonio Guterres.
Guterres and his personal envoy for the Middle East conflict and its consequences, Jean Arnault, continue to engage in various communications, Dujarric said at a daily press briefing.
The two-week U.S.-Iran ceasefire will expire on Wednesday. ■
English Caption
This photo taken on April 12, 2026 shows a street view in Islamabad, Pakistan. (Photo by Wang Shen/Xinhua)