Connect with us

China

တရုတ်အသင်းက ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲတွင် ကမ်းခြေလက်ပစ်ဘောပြိုင်ပွဲ၌ အရှုံးအနိုင်ရလဒ်ဒွန်တွဲ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် ဘာရိန်းအသင်းတို့၏ အမျိုးသားကမ်းခြေလက်ပစ်ဘော ပဏာမအဆင့် အုပ်စု A ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် တရုတ်အသင်းမှ မာဟွေ့ဖုန်း(ယာ) ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရမြို့၊ တရုတ်နိုင်ငံ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ အမျိုးသားကမ်းခြေလက်ပစ်ဘောပြိုင်ပွဲကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သော ဆန်းရမြို့၌ ဧပြီ ၂၁ ရက်က တရားဝင်စတင်ကျင်းပခဲ့ရာ ယင်းဖွင့်ပွဲနေ့၌ အိမ်ရှင်တရုတ်အသင်းက တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်များ ရရှိခဲ့သည်။
တရုတ်အသင်းက ဘာရိန်းအသင်းနှင့် ယှဉ်ပြိုင်ရသည့် အုပ်စု A အဖွင့်ပွဲစဉ်တွင် ခက်ခဲသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပထမပိုင်းတွင် ၁၄-၈ ရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ဒုတိယပိုင်း၌မူ တရုတ်အသင်းက ပြန်လည်ဖိကစားနိုင်ခဲ့ပြီး ယင်းဒုတိယပိုင်းပွဲချိန်အများစုတွင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဘာရိန်းအသင်းက နောက်ဆုံးမိနစ်များတွင် အမှတ်များရယူနိုင်ခဲ့ကာ နောက်ဆုံးတွင် ယင်းဒုတိယပိုင်း၌လည်း ၁၅-၁၄ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

“ကျွန်တော်တို့ရဲ့တကယ့်ခြေစွမ်းအတိုင်း ကျွန်တော်တို့တွေ မကစားနိုင်ခဲ့ပါဘူး” ဟု တရုတ်ကစားသမား မာဟွေ့ဖုန်း က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ချိန်ညှိမှုတွေ ပြုလုပ်ဖို့နဲ့ လာမယ့်ပွဲစဉ်တွေကို အာရုံစိုက်ဖို့ လိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ဒုတိယအုပ်စုပွဲစဉ်၌မူ တရုတ်အသင်းက သီရိလင်္ကာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခြင်းဖြင့် ညနေခင်းပွဲစဉ်တွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
အုပ်စုအဆင့်ပွဲစဉ်များကို ဧပြီ ၂၃ ရက်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး တရုတ်အမျိုးသမီးအသင်းက ၎င်း၏ပွဲဦးထွက်ပွဲစဉ်ကို ထိုနေ့၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
အာရှကမ်းခြေအားကစားပြိုင်ပွဲကို ဧပြီ ၂၂ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်ပြီး ဧပြီ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကာ အာရှအိုလံပစ်ကောင်စီဝင် ၄၅ နိုင်ငံမှ အားကစားသမား ၁,၈၀၀ နီးပါးက အားကစားနည်း ၁၄ မျိုးတွင် ရွှေတံဆိပ် ၆၂ ခုအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် ဘာရိန်းအသင်းတို့၏ အမျိုးသားကမ်းခြေလက်ပစ်ဘော ပဏာမအဆင့် အုပ်စု A ပွဲစဉ်အတွင်း နည်းပြထံမှ ညွှန်ကြားချက်များအား နားထောင်နေကြသည့် တရုတ်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် သီရိလင်္ကာအသင်းတို့၏ အမျိုးသားကမ်းခြေလက်ပစ်ဘော ပဏာမအဆင့် အုပ်စု A ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေကြသည့် တရုတ်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် သီရိလင်္ကာအသင်းတို့၏ အမျိုးသားကမ်းခြေလက်ပစ်ဘော ပဏာမအဆင့် အုပ်စု A ပွဲစဉ်ပြီးနောက် အပြန်အလှန်နှုတ်ဆက်နေကြသည့် နှစ်ဖက်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
China registers mixed results in beach handball at 6th Asian Beach Games
SANYA, China, April 21 (Xinhua) — Competition at the 6th Asian Beach Games officially began on Tuesday in Sanya, a coastal city in Hainan Province as host China posted one win and one loss on the opening day of the men’s beach handball tournament.
China faced a tough challenge in its Group A opener against Bahrain. After losing the first set 14-8, the Chinese squad mounted a comeback in the second and held a clear lead for much of the set. However, Bahrain rallied in the closing moments to force a shootout and eventually claimed the set 15-14 for the victory.
“We didn’t play to our potential,” Chinese player Ma Huifeng told reporters after the match. “We need to make adjustments and focus on the upcoming games.”
China bounced back in the evening session with a 2-0 victory over Sri Lanka in its second group match.
The group stage continues on Thursday, when the Chinese women’s team is scheduled to make its debut.
The Asian Beach Games will officially open on Wednesday and run through April 30, featuring nearly 1,800 athletes from 45 members of the Olympic Council of Asia competing for 62 gold medals across 14 sports. ■
English Caption 1
Ma Huifeng (R) of China competes during the beach handball men’s preliminary round group A match between China and Bahrain at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 21, 2026. (Xinhua/Yang Guanyu)
English Caption 2
Players of China listen to the instructions from their coach during the beach handball men’s preliminary round group A match between China and Bahrain at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 21, 2026. (Xinhua/Yang Guanyu)
English Caption 3
Players of China celebrate after the beach handball men’s preliminary round group A match between China and Sri Lanka at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 21, 2026. (Xinhua/Li Bo)
English Caption 4
Players of both sides greet each other after the beach handball men’s preliminary round group A match between China and Sri Lanka at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 21, 2026. (Xinhua/Yang Guanyu)