Connect with us

Europe

အဓိကရုဏ်းများက ဗြိတိန်၏ “အလွန်တရာ ဆိုးရွားလှသည့်” လူ့အဖွဲ့အစည်း လက်ရှိအခြေအနေများကို ပေါ်လွင်စေသည်ဟု Keir Starmer က ပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဒေါင်းနင်းလမ်း ပန်းခြံ၌ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Starmer မိန့်ခွန်းပြောကြားနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဗြိတိန်ဝန်ကြီးချုပ်ရုံး)

လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ယခုလဆန်းပိုင်း ဗြိတိန်၌ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများက ဗြိတိန်၏ “အလွန်တရာ ဆိုးရွားလှသည့်” လူ့အဖွဲ့အစည်း လက်ရှိအခြေအနေများကို ပေါ်လွင်စေသည်ဟု ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Starmer က ဩဂုတ် ၂၇ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ထိုနေ့တွင် ဒေါင်းနင်းလမ်း ပန်းခြံ၌ Starmer မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။ အဓိကရုဏ်းပြဿနာများသည် ဗြိတိန်နိုင်ငံ အခြေခံအုတ်မြစ်တွင်“အက်ကြောင်းများ” ကို ပေါ်လွင်စေခဲ့ကြောင်း၊ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဗြိတိန်နိုင်ငံသည် “ကွဲပြဲမှုနှင့် ဆုတ်ယုတ်မှုတို့ကြောင့် အားနည်း” ခဲ့ရပြီး “လူပြိန်းကြိုက်ဝါဒ (populism) တစ်ဆင့်ချင်း မြင့်တက်လာမှု၏ ရိုက်ခတ်ဒဏ်ကို ခံခဲ့ရ” ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစိုးရသစ်သည် ကွန်ဆာဗေးတစ်ပါတီအစိုးရမှ ချန်ထားရစ်သည့် “စီးပွားရေးတွင်းနက်” နှင့် “လူ့အဖွဲ့အစည်း တွင်းနက်”ကို မဖြစ်မနေရင်ဆိုင်ရကြောင်း Starmer က ပြောကြားခဲ့သည်။
ယခုလဆန်းပိုင်းတွင် ဓားကိုင်တိုက်ခိုက်မှုတစ်ခုကြောင့် ဗြိတိန်နိုင်ငံရှိ နေရာအများအပြားတွင် အကြမ်းဖက်အဓိကရုဏ်းများ ပျံ့နှံ့ခဲ့ပြီး ဆန္ဒပြသူများသည် ရဲများနှင့် ပြင်းထန်စွာ ပဋိပက္ခများဖြစ်ခဲ့ကြသည်။ လက်ရှိတွင် ဗြိတိန်တွင် ဆူပူသောင်းကြမ်းသူ ၁,၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး လူ ၆၀၀ နီးပါး စွဲချက်တင်ခံရကာ လူ ၁၀၀ ကျော်ကို ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်သည်။ (Xinhua)


……………………………………
(Chinese Version)
斯塔默:骚乱暴露英国“极度不健康”的社会现状
新华社伦敦8月27日电(记者孙晓玲)英国首相斯塔默27日发表演讲说,本月初在英国发生的骚乱暴露了英国“极度不健康”的社会现状。
斯塔默当天在唐宁街花园发表讲话。他表示,骚乱问题暴露英国国家基础出现“裂缝”,过去十年间英国因“分裂和衰落而变得脆弱”,并“受到民粹主义螺旋式上升的影响”。
斯塔默说,新政府不得不面对保守党政府留下的“经济黑洞”和“社会黑洞”。
本月初,一场由持刀袭击案引发的暴力骚乱在英国多地蔓延,抗议者与警察发生激烈冲突。目前,英国已逮捕1000多名骚乱分子,近600人受到指控,100多人已被判刑。(完)
图说:8月27日,英国首相斯塔默在伦敦唐宁街花园发表讲话。新华社发(英国首相府供图)