Connect with us

မြန်မာ-中文

ဗင်နီဇွဲလားတွင် နိုင်ငံတစ်ဝန်းစီတန်းလှည့်လည်မှု စတင်၍ အမေရိကန်မှ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရန် တောင်းဆို

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်ရှိ ဘိုလီဗာရင်ပြင်၌ ဗင်နီဇွဲလားပြည်သူများက စုဝေးပွဲကျင်းပ၍ သမ္မတမာဒူရိုအား ထောက်ခံအားပေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodríguez က ဦးဆောင်သည့် နိုင်ငံတစ်ဝန်းစီတန်းလှည့်လည်မှုသည် ဧပြီ ၁၉ ရက်တွင် ပြည်နယ် ၃ ခု၌ စတင်ခဲ့ရာ အမေရိကန်အနေဖြင့် ဗင်နီဇွဲလားအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရေးအတွက် တောင်းဆိုရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုနေ့တွင် Delcy Rodríguez က ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း ဇူလီယာပြည်နယ်၌ အဖွဲ့ဦးဆောင်၍ စီတန်းလှည့်လည်သည့်လှုပ်ရှားမှုစတင်ခဲ့သည်။ 

စီတန်းလှည့်လည်မှုမစတင်မီ ၎င်းသည် ဗင်နီဇွဲလားနိုင်ငံ အမျိုးသားရုပ်မြင်သံကြား၌ အမှာစကားပြောကြားခဲ့ရာ ဗင်နီဇွဲလားအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုမှ လွတ်မြောက်ရန် လိုအပ်ကြောင်း၊ အမေရိကန်၏ ၁၀ နှစ်နီးပါး စီးပွားရေးပိတ်ဆို့မှုကာလအတွင်း ဗင်နီဇွဲလား ကလေးငယ်ပေါင်း သန်းနှင့်ချီမွေးဖွားလာခဲ့သော်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် ပုံမှန် စီးပွားရေးနှင့် လူမှုဖူလုံရေး ခံစားနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ အနောက်တောင်ပိုင်း ထာချီရာပြည်နယ်တွင် လူထုစည်းရုံးရေးလှုပ်ရှားမှုကို ဗင်နီဇွဲလားနိုင်ငံ ပြည်ထဲရေး၊ တရားစီရင်ရေးနှင့် ငြိမ်းချမ်းရေးဝန်ကြီး Diosdado Cabello က ကြီးမှူးခဲ့သည်။ Diosdado Cabello က အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှု အစီအမံကြောင့် ဗင်နီဇွဲလားသည် ကဏ္ဍစုံ၌ အကျပ်အတည်းအတွင်းသို့ ကျရောက်နေကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ဗင်နီဇွဲလားနိုင်ငံ တောင်ပိုင်း အာမာဇိုးနက်စ်ပြည်နယ်သည်လည်း ယခုအကြိမ် စီတန်းလှည့်လည်မှု၏ စမှတ်ဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များလည်း ယခုအကြိမ် နိုင်ငံတစ်ဝန်းစီတန်းလှည့်လည်မှုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ပြည်နယ် ၃ ခုမှ ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်သို့ လမ်းလျှောက်ချီတက်မည်ဖြစ်ကြောင်း၊ စီတန်းလှည့်လည်မှုသည် မေ ၁ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

——————-

(Chinese Version)

委内瑞拉开启全国游行 要求美国取消制裁新华社加拉加斯

4月19日电(记者田睿)由委内瑞拉代总统德尔西·罗德里格斯发起的全国游行活动19日在3个州开启,旨在要求美国取消对委内瑞拉制裁。   当天,罗德里格斯在委内瑞拉西部苏利亚州率领队伍开启游行活动。游行前,她在委国家电视台发表讲话说,委需要摆脱美国制裁。在美国近10年的经济封锁期间,数百万委内瑞拉儿童出生,但因美方制裁无法享受正常的经济和社会福利。   在委内瑞拉西南部塔奇拉州,民众动员活动由委内政、司法与和平部长迪奥斯达多·卡韦略主持。卡韦略表示,美国单边制裁措施使委在各个领域陷入困境。   此外,委内瑞拉南部亚马孙州也是此次游行的起点。   据报道,委内瑞拉各政党和社会各界人士纷纷参加此次全国游行活动,从3个州出发步行至委首都加拉加斯。游行将于5月1日结束。(完)图说:3月26日,委内瑞拉民众在首都加拉加斯市中心的玻利瓦尔广场举行集会,声援总统马杜罗。新华社发(马科斯·萨尔加多摄)