Connect with us

China

တရုတ်နိုင်ငံက ၂၀၂၈ ခုနှစ်ဝန်းကျင်တွင် အင်္ဂါဂြိုဟ်မှ နမူနာပစ္စည်းများ ပြန်လည်ယူဆောင်ရေးမစ်ရှင်စတင်ရန် ရည်ရွယ်ထား

တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်နှင့် အင်္ဂါဂြိုဟ်တို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ဟဲဖေ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အင်္ဂါဂြိုဟ်ပေါ်မှ နမူနာပစ္စည်းများ ပြန်လည်ယူဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၈ ခုနှစ်ဝန်းကျင်တွင် ထျန်းဝန်-၃ မစ်ရှင်နှစ်ခု လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အာကာသကျွမ်းကျင်ပညာရှင်တစ်ဦးက စက်တင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်မှ နမူနာပစ္စည်းများပြန်လည်ယူဆောင်‌ရေးမစ်ရှင် ဒီဇိုင်နာချုပ် Liu Jizhong က တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ Tunxi ခရိုင်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာ နက်ရှိုင်းသောအာကာသစူးစမ်းလေ့လာရေးကွန်ဖရင့်၌ အဆိုပါ အစီအစဉ်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံက ဒီနှစ်ထဲမှာ Chang’e-6 မစ်ရှင်နဲ့အတူ လကမ္ဘာတစ်ဖက်စွန်းမှ နမူနာပစ္စည်းတွေကို ပထမဆုံးယူဆောင်လာနိုင်ခဲ့ပါတယ်။ အင်္ဂါဂြိုဟ်က လကမ္ဘာထက် ပိုဝေးပြီးတော့ လက်ရှိ ဒုံးပျံတွေရဲ့ သယ်ဆောင်နိုင်စွမ်း အကန့်အသတ်ကြောင့် အင်္ဂါဂြိုဟ်ရဲ့ နမူနာပစ္စည်းပြန်လည်သယ်ဆောင်ရေးမစ်ရှင်ကို နှစ်ခုလွှတ်တင်သွားမှာဖြစ်ပါတယ်။ ဒီမစ်ရှင်အတွက် Long March-5 သယ်ဆောင်ရေးဒုံးပျံနှစ်ခု အသုံးပြုသွားမှာပါ” ဟု Liu က ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China aims to launch Mars sample-return mission around 2028
HEFEI, Sept. 6 (Xinhua) — China plans to carry out the Tianwen-3 mission through two launches around 2028, aiming to bring back samples from Mars, a Chinese space expert said on Thursday.
Liu Jizhong, chief designer of China’s Mars sample-return mission, unveiled the details of the plan at the 2nd International Deep Space Exploration Conference in Tunxi of Huangshan City in east China’s Anhui Province.
“China has retrieved the first ever samples from the far side of the moon with the Chang’e-6 mission this year. Since Mars is much farther away than the moon, it will take two launches to carry out the Mars sample-return mission due to the limited carrying capacities of our current rockets. Two Long March-5 carrier rockets will be used for the mission,” Liu told Xinhua in an interview.
Photo: Photo released on Jan. 1, 2022 by the China National Space Administration (CNSA) shows the group photo of the orbiter and Mars. (CNSA/Handout via Xinhua)