China
တရုတ်မော်တော်ကားစက်ရုံတွင် ပထမဆုံး လူပုံစံတူစက်ရုပ်များက အဖွဲ့လိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိ

ဆန်းကျန့်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ Geely ကုမ္ပဏီ၏ 5G စမတ်နည်းပညာသုံးစက်ရုံ၌ လူသားပုံစံတူ အဆင့်မြင့်စက်ရုပ်အများအပြားသည် ပစ္စည်းအမျိုးအစားခွဲခြင်း၊ သေတ္တာများ သယ်ယူပို့ဆောင်ခြင်းနှင့် ကားအစိတ်အပိုင်းများကို နေရာချခြင်း စသည့် လုပ်ငန်းတာဝန်များကို စက်ရုံ၏ အလွှာများအတွင်း တရစပ်ပူးပေါင်းလုပ်ကိုင်လျက်ရှိကြရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် လူသားများကဲ့သို့ အဖွဲ့လိုက်လုပ်ကိုင်ကြသည့် ခေတ်သစ်သို့ ရောက်ရှိခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
ဆန်းကျန့်မြို့အခြေစိုက် UBTECH နည်းပညာကုမ္ပဏီမှ ထုတ်လုပ်သည့်၊ မော်တော်ကားစက်ရုံအတွင်းရှိ Walker S1 စက်ရုပ်များသည် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ယင်းမှာ လူသားပုံစံတူစက်ရုပ်များကို ပထမဆုံးအကြိမ်အဖြစ် ပကတိစက်ရုံလုပ်ငန်းခွင်ရှိ မတူညီသောလုပ်ငန်းတာဝန်များနှင့် ရှုပ်ထွေးသောဇုန်များတစ်ခွင် ပူးပေါင်းဆောင်ရွက်ရန် လေ့ကျင့်သင်ကြားပေးထားခြင်းလည်း ဖြစ်သည်။
အဆိုပါ စက်ရုပ်များကို UBTECH ၏ “ဦးနှောက်ကွန်ရက်” စနစ်ကို အသုံးပြုလည်ပတ်ခြင်းဖြစ်ပြီး ၎င်းတို့အား သီးခြားအလုပ်သမားများအဖြစ်မှ အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှုအဖြစ်သို့ အသွင်ပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ယင်းစနစ်က ဆုံးဖြတ်ချက်ချရေးအတွက် “စူပါဦးနှောက်” နှင့် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားဆောင်ရွက်မှုများအတွက် “ဦးနှောက်အသေးစားများ” ကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း UBTECH ၏ ဒုတိယဥက္ကဋ္ဌဖြစ်သော Jiao Jichao က ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Across China: In a first, humanoid robots work as team in Chinese auto factory
SHENZHEN, March 22 (Xinhua) — In Geely’s Zeekr 5G smart factory in Ningbo, east China’s Zhejiang Province, dozens of advanced humanoid robots are seamlessly collaborating on factory floors — sorting materials, transporting boxes and assembling delicate car parts — marking a new era of human-like teamwork in manufacturing.
Developed by Shenzhen-based tech company UBTECH, the Walker S1 robots in the auto factory mark a significant milestone, as it’s the first time multiple humanoid robots have been trained to collaborate across different tasks and complex zones in a real-world factory environment.
The robots operate using UBTECH’s “brain network” system, which transforms them from individual workers into a synchronized, collaborative team.
According to Jiao Jichao, vice president of UBTECH, the system combines a “super brain” for decision-making and “mini-brains” for real-time actions.
Photo: A humanoid robot from “Walker” series of UBTECH conducts sorting work at the Beijng World of Robots in Beijing, capital of China, Feb. 24, 2025. (Xinhua/Ju Huanzong)