Connect with us

Politics, Law & Military

ပထမ အကြိမ် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တရုတ် နိုင်ငံ ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ် နှင့် အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Singh လက်ဆွဲနှုတ်ဆက်နေစဉ်(ဓာတ်ပုံ-www.mps.gov.cn)

နယူးဒေလီ ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ပထမ အကြိမ် တရုတ်-အိန္ဒိယ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၂၂ ရက် တွင် နယူးဒေလီ မြို့ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် (Zhao Kezhi) နှင့် အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Singh တို့က အစည်းအဝေး အား ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေး တွင် ဝန်ကြီး ကျောက်ခဲ့ကျစ် က တရုတ် နိုင်ငံ သမ္မတ နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် တို့က ယခု နှစ် ဧပြီလ တွင် တရုတ် နိုင်ငံ ဝူဟန့်မြို့ ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် သမိုင်းစာမျက်နှာသစ် များကို ဖွင့်လှစ် နိုင်ခဲ့ကြောင်း ၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ တို့က အိမ်နီးချင်းကောင်း နှင့် မိတ်ဆွေကောင်း ဖြစ်သောကြောင့် နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွင် အလားအလာ များစွာ တည်ရှိနေကြောင်း ၊ ယခု ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်း က နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး စေမည် ဖြစ်ပြီး နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းအား ပိုမိုမြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးမှု မှ တစ်ဆင့် အကြမ်းဖက်နှိမ်နင်းရေး ၊ ခွဲထွက်ရေးဝါဒ အင်းအား များအား တိုက်ခိုက်ရေး နှင့် နိုင်ငံဖြတ်ကျော် ဒုစရိုက် အင်အား တိုက်ခိုက်ရေး စသည့် ကဏ္ဍများအား အဓိက ထား၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဌာန တို့မှ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို အဆက်မပြတ် တိုးချဲ့ပြီး မိမိ နိုင်ငံ အတွင်းရှိ တစ်ဖက်နိုင်ငံ မှ စီမံကိန်းများ ၊ အဖွဲ့အစည်းများ နှင့် ပြည်သူများ လုံခြုံမှု ရှိရန် အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များကို ဖော်ဆောင်ပြီး နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်တည်အောင် ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Singh က အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် အရေးပါသည့် သဘောတူညီချက်များအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို တိုးမြှင့်ပြီး အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ကို ထိန်းသိမ်းကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အကြမ်းဖက်နှိမ်နင်းရေး ၊ ခွဲထွက်ရေးဝါဒ အင်အား များအား တိုက်ခိုက်ရေး နှင့် နိုင်ငံဖြတ်ကျော် ဒုစရိုက် အင်အား များအား တိုက်ခိုက်ရေး စသည့် ကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အစည်းအဝေး အပြီး တွင် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် နှင့် အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Singh တို့က “တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန နှင့် အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်မှု စာချုပ်” တွင် အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.