Sport
၂၀၂၂ ခုနှစ် ဆောင်းရာသီ အားကစားပွဲများအတွက် IOC ညှိနှိုင်းဆောင်ရွက်မှု ကော်မရှင် ပထမဆုံး အစည်းအဝေး ပေကျင်းတွင် ပြုလုပ်

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲများအတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC) ညှိနှိုင်းရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေးအား အောက်တိုဘာလ ၁၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ကော်မရှင်အား ဦးဆောင်လာသည့် အလက်ဇန်းဒါး ကျူကော့ဗ်သည် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် ဆွေးနွေးမည် ဖြစ်ပြီး သုံးရက်တာ အစည်းအဝေးအတွင်း ကျန်းကျဲ့ကိုး၊ ယန်ချင်းနှင့် ပေကျင်းမြို့သို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ပေကျင်းမြို့သည် ကမ္ဘာ့အဆင့်မီနေရာများ တည်ရှိခြင်းနှင့် ကြီးကျယ်သော အခမ်းအနားများအား လက်ခံ ကျင်းပသည့် အတွေ့အကြုံများ ရှိသည့်အတွက် ဆောင်းရာသီ အိုလံပစ် အားကစားပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်မည့် အလားအလာများစွာရှိကြောင်း ကျူကော့ဗ်က ပြောကြားခဲ့သည်။ (Xinhua)