ဂျီနီဗာ၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း အလွန် မြေထဲပင်လယ်၌ နိုဝင်ဘာ ၂ရက် က ရွှေ့ပြောင်းဒုက္ခသည်များ တင်ဆောင်လာသည့် လှေနှစ်စီး နစ်မြုပ်ခဲ့၍ ဒုက္ခသည် ဦးရေ ၂၃၉ဦး ခန့်ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နိုဝင်ဘာလ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော မောင်တောမြို့နယ်အတွင်းသို့ လူသားချင်းစာနာမှု အကူညီများ နိုဝင်ဘာ ၆ရက်နေ့လောက်တွင် စတင်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renata Dessallin က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဘီရှ်ကက်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (Shanghai Coorperation Organization= SCO) အဖွဲ့ဝင်များအား လုံခြုံရေးနှင့် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ တည်ထောင်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ခိုင်မာစွာ လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က...
နေပြည်တော်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင် သစ်များကို မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေမြုပ် ဒေသများတွင် ဆောက်လုပ် ဖွင့်လှစ်လျက်ရှိရာ ဒုတိမြောက် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲကို မကွေးတိုင်း မင်းဘူး...
ပေကျင်း၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ) တားမြစ်မြို့တော် အဖြစ် လူသိများသည့် ပေကျင်းရှိ နန်းတော်ပြတိုက်၏ မြေနေရာ ၈၀ရာခိုင်နှုန်း အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ၂၀၂၀မတိုင်မီ ဖွင့်လှစ်ပေးသွားရန် စီစဉ်နေကြောင်း ပြတိုက်ဒါရိုက်တာ Shan Jixiang က နိုဝင်ဘာ ၃ရက်တွင်ပြောကြားခဲ့သည်။
ရောမ၊နိုဝင်ဘာ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံကမ်းခြေစောင့်တပ်က မြေထဲပင်လယ်၌ နိုဝင်ဘာလ ၃ ရက်ကပြုလုပ်သော စစ်ဆင်ရေး ၇ ခုအတွင်း ရွှေ့ပြောင်းအခြေချသူ ၇၆၆ ဦးကို ကယ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းအခြေချသူများသည် ရော်ဘာလှေ ငါးစီး ၊ စက်လှေတစ်စီး နှင့် ရွက်လှေတစ်စီးကို အသုံးပြု၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က...
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ၊ လငန်းကျွန်းနှင့် ပုလဲကျွန်းအကြား ရေပြင်၁၁မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဟနွိုင် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂ ရက်နံနက်ပိုင်းက လူ ၄ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့်လာသောကြောင့် တရားမဝင်အဖြစ် တားမြစ်လိုက်ကြောင်း Cambodia Daily က နိုဝင်ဘာလ ၃ ရက်က သတင်းတင်ပြထားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆ ဆူဇူကီးဖလားအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။