Connect with us

Africa & Middle East

ရွှေ့ပြောင်းဒုက္ခသည်လှေနစ်မြုပ်၍ လူ ၂၄၀နီးပါးသေဆုံးကြောင်း UNHCR ပြော

မြေထဲပင်လယ် အတွင်း လှေနစ်မြုပ်ခဲ့သည် ဒုက္ခသည်များအား ကယ်ဆယ်နေစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း အလွန် မြေထဲပင်လယ်၌ နိုဝင်ဘာ ၂ရက် က ရွှေ့ပြောင်းဒုက္ခသည်များ တင်ဆောင်လာသည့် လှေနှစ်စီး နစ်မြုပ်ခဲ့၍ ဒုက္ခသည် ဦးရေ ၂၃၉ဦး ခန့်ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နိုဝင်ဘာလ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ Leo Dobbs က လှေတစ်စီးမှ အသက်ရှင်လွတ်မြောက်လာသည့် ဒုက္ခသည်များ၏ပြောကြားချက်အရ ကလေးခြောက်ယောက်၊ ကိုယ်ဝန်ဆောင်များပါဝင်သည့် အမျိုးသမီး ၂၀ဦးနီးပါး တို့အပါအဝင် လူ၁၄၀ဦးခန့်တင်ဆောင်လာသည့် လှေသည် လစ်ဗျားမှ နံနက် ၃နာရီ ပတ်ဝန်းကျင်၌ ထွက်ခွာလာခဲ့ကြောင်း သိရကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက နာရီအနည်းငယ်အကြာတွင် ဒုက္ခသည်များ လိုက်ပါလာသည့် လှေငယ် အောက်ခြေကြမ်းပြင်ပျဉ်ပြား ကျိုးပျက်ခဲ့ပြီးနောက် လစ်ဗျားကမ်းရိုးတန်း အလွန် ၂၅မိုင်နီးပါး၌ နစ်မြုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကနဦး သတင်းရရှိချက်များအရ ကယ်ဆယ်ရေးသမားများသည် လူ၂၉ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၁၂လောင်း ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အီတလီဆိပ်ကမ်း Lampedusa သို့ ရောက်ရှိလာသည့် ဒုတိယ သင်္ဘောမှောက်မှုမှ အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်အရ နိုဝင်ဘာ ၃ရက် ဒေသစံတော်ချိန် ၅နာရီ ခန့်တွင် လုံခြုံမှုမရှိသည့် ယင်းလှေငယ်တိမ်းမှောက်ခဲ့မှုကြောင့် လူပေါင်း ၁၂၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များ ဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ပြောကြားချက်အရ ယခု လှေတိမ်းမှောက်မှု ကြောင့် မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်များ သေဆုံးမှု သည် စံချိန်တင်အဖြစ် ၄,၂၂၀ဦးအထိ ရှိလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.