ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး အနောက် -အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ကာ အားကောင်းသော မုန်းတိုင်းငယ်အဖြစ် မှ အားလျော့သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပြဒါးလင်းဂူနှင့် ကမ်းပါးနီ ကျောက်နံရံ ပန်းချီများ စနစ်တကျ ထိန်းသိမ်းနိုင်စေရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) အာရှဘောလုံး အဖွဲ့ချုပ် (AFC)၏ နှစ်စဉ်ကျင်းပနေကျ ထူးချွန် ဆုပေးပွဲ ဖြစ်သည့် AFC Annual Awards ဆုပေးပွဲကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ...
ကုလသမဂ္ဂ၊ အောက်တိုဘာလ ၂၇ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ လက်နက်ရောင်းချခွင့် ပိတ်ပင်ထားခြင်းအား အဆုံးသတ်ရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ ညီလာခံ၌ အတည်ပြုခဲ့သလို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်က ကြားနေမဲ ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၆ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် နည်းဥပဒေ ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဧပြီလ (၁)ရက် နေ့တွင် စတင် ကျင့်သုံးနိုင်မည်ဟု မြန်မာနိုင်ငံ...
တိုကျို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးသည် အောက်တိုဘာ ၂၆ရက်က ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အလယ်ပိုင်း၊ မြို့တော် ခတ္တမန္ဒူမြို့ တောင်ဘက် ကီလိုမီတာ ၈၀အကွာ Hetauda မြို့ ရှိ အစိုးရရုံးအဆောက်အအုံတစ်ခုတွင် အောက်တိုဘာ ၂၆ရက် နေ့လည်ပိုင်း က ဟင်းချက်ရာတွင် အသုံးပြုသည့် ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ Perth တိရစ္ဆာန်ရုံရှိ ဆူမာတြား အော်ရန်ဂူတန် (Sumatran Orangutan) မျိုးနွယ်ဝင် မလေးရှား ဘာသာစကားဖြင့် “မစ္စစ်” အဓိပ္ပါယ်ရသော “Puan” အမည်ရှိ မျောက်ဝံ တစ်ကောင်သည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး မျောက်ဝံအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဖနွမ်းပင်မြို့အရှေ့ဘက် ဆင်ခြေဖုံးဒေသတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အထည်ချုပ်စက်ရုံ အလုပ်သမားပို့ဆောင်ရေး ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့၍ အလုပ်သမား ၇၂ဦးထက်အနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ၁၁၃၈၆.၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆၁.၈၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ...