Connect with us

Sport

အာရှဘောလုံး အဖွဲ့ချုပ်၏ ဆုပေးပွဲကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ယူအေအီးနိုင်ငံတွင် ကျင်းပမည်

အာရှဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

အာရှဘောလုံး အဖွဲ့ချုပ် (AFC)၏ နှစ်စဉ်ကျင်းပနေကျ ထူးချွန် ဆုပေးပွဲ ဖြစ်သည့် AFC Annual Awards ဆုပေးပွဲကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယခုနှစ် ဆုပေးပွဲတွင် ဆုနှစ်ဆုအတွက် လျှောက်ထားမှု ပြုလုပ်ထားကြောင်း သိရသည်။ ယင်းဆုများမှာ Member Association of the Year ဆု နှင့် Dream Asia Award ဆုများဖြစ်သည်။ Member Association of the Year ဆုမှာ ဘောလုံးအဖွဲ့ချုပ် တစ်ခု၏ တစ်နှစ်တာအတွင်း လက်ခံကျင်းပသည့် ပြိုင်ပွဲများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များ စသည့် လှုပ်ရှားမှုများကို အကဲဖြတ်ကာ ချီးမြှင့်သည့် ဆုဖြစ်ပြီး Dream Asia Award မှာ လူမှုရေး လုပ်ဆောင်ချက်များ အပေါ် မူတည်ကာ ပေးအပ်သည့် ဆုဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် Dream Asia Award ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က တစ်ကြိမ် ရရှိထားဖူးသည်။

အာရှဘောလုံး လောက၏ အမြင့်ဆုံး ဆုပေးပွဲကြီး ဖြစ်သည့် ယင်း AFC Annual Awards ဆုပေးပွဲတွင် အာရှ အကောင်းဆုံး ကစားသမားဆု၊ အာရှဒေသတွင်း အကောင်းဆုံး နိုင်ငံခြား ကစားသမားဆု၊ အကောင်းဆုံး လူငယ် ကစားသမားဆု၊ အကောင်းဆုံး လက်ရွေးစင် အသင်းဆု စသည့် ဆုပေါင်းများစွာကို ပုံမှန်ပေးအပ်နေကျ ဖြစ်သည်။ ယင်းဆုပေးပွဲကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုစဉ်က အာရှအကောင်းဆုံး အမျိုးသား ကစားသမားဆုကို ယူအေအီးကလပ် အယ်အာလီ အသင်းမှ ယူအေအီး လက်ရွေးစင် ကစားသမား အာမက်ခါလီက ရရှိခဲ့ပြီး အမျိုးသမီး အကောင်းဆုံး ဆုကို ဂျပန်လက်ရွေးစင် အာယာ မီယာမာက ရရှိ ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.