Connect with us

Local

ယခု ဘဏ္ဍာနှစ် ၅ လအတွင်း ကုန်သွယ်မှု လိုငွေ ကန်ဒေါ်လာ ၁၄၆၁.၈၄ သန်း ဖြစ်ပေါ်

သီလ၀ါ ဆိပ်ကမ်းရှိ ကုန်တင်သဘောင်္ တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ၁၁၃၈၆.၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆၁.၈၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

ယခု ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း ပို့ကုန်တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉၆၂.၄၇ သန်းဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၄၂၄.၃၁ သန်းဖြစ်သဖြင့် ကုန်သွယ်မှု ပမာဏမှာ ၁၁၃၈၆.၇၈ သန်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် သြဂုတ်လအတွက် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၇၆. ၉၇ သန်းဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၅၃.၈၇ သန်းဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၃ဝ.၈၄ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၇၆. ၉ဝ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.